"နန်ရှီရေ ... ပရိုဂျူ ဆာဝမ်ရော, စာရေးဆရာမ,ယီရော၊ ပြီးတော့ ငါရော မင်းကို အရမ်းသဘောကျပါတယ်... ဒါပေမဲ့ကွယ် လက်တွေ့က ထင်သလောက်မလွယ်ကူဘူး. ငါတို့သဘောနဲ့ပဲ ဇာတ်လမ်းကိုလုပ်လို့ မရဘူးလေ၊ ဘဏ္ဍရေးတွေက စကားပြောလာတယ်. တခါတလေ သူတို့ပေးလာတဲ့ သရုပ်ဆောင်တွေကို ငါတို့မှာ ဘာမှပြောပိုင်ခွင့်မရှိဘူး. ပိုက်ဆံဆိုတဲ့ဟာက ထိပ်ဆုံးကအရာဖြစ်နေတော့! . . . ဘယ်သူတွေကများ ငြင်းရဲအုံးမလဲ? . . . ဟ"
နန်ရှီ နားထောင်နေရင်း သူမနှလုံးသားတစ်ခုလုံး သမုဒ္ဒရာအောက်ခြေထိ နစ်မြှပ်သွားသလို ခံစားလာရတယ်။ နောက်ဆုံးတော့လည်း သူမ လူစားထိုးခံလိုက်ရပြီမလား? ဒါနဲ့များ ချန်းလီက သူမကို ရိုက်ကွင်းလာဖို့ ဘာလို့ ခေါ်နေသေးလဲ?
"ဒါရိုက်တာနန်က မနေ့ညက ငါ့ကိုလာရှာတယ်. သူကပြောတယ်၊ မင်းက အသစ်ဖြစ်ပြီး အတွေ့အကြုံနည်းလွန်းတဲ့အတွက် မင်းကိုသရုပ်ဆောင်ခိုင်းဖို့ သဘောမကျဘူးတဲ့. ဒါ ပေ မဲ့ . . . . . . . . ."
ကောချီရှန်း စကားကို ဆွဲပြောလာတယ်။နန်ရှီ ဖုန်းထဲကနေ ဒါရိုက်တာကောကို ဆွဲထုတ်ကာ သူ့ကို ကိုင်ဆွဲပြီးမေးချင်လာတယ်။
{ရှင် စကားကို တခါတည်းပြောလိုက်တော့ သေသွားမှာမို့လို့လား?}
"ဒါပေမယ့် မင်း ကံကောင်းသွားတယ် ... နန်ရှီ. အခြား ရင်းနှီးမြှုပ်နှံသူတစ်ယောက်က မင်းကို အရမ်းသဘောကျတယ်တဲ့၊ ဒါကြောင့် မင်း အကောင်းဆုံးသာ ကြိုးစားပြတော့!"
"တကယ်လား?" နန်ရှီ့ ရဲ့ ပြုတ်ကျသွားတဲ့နှလုံးသားလေး မြှောက်တက်လာတယ်။ အရမ်းစိတ်လှုပ်ရှားမနေနဲ့အုံး! အဲ့ဒါကိုများ ဒါရိုက်တာက သူမကို နောက်သွားသေးတယ်။ "အဲ့ဒါကိုများ ... ဒါရိုက်တာကောရယ် . . . . သက်သက်လာနောက်နေသေးတယ်! ရှင် ကျွန်မကို နှလုံးရောဂါ ရအောင် လုပ်နေတာပဲ!"
"ဟ ဟ ဟား ... လူငယ်ဖြစ်ပြီး ဘာလို့ အသဲငယ်တတ် ရတာလဲ?"
"ဒီတော့ ကျွန်မကို သေချာလေး ပြောပြပေးလို့ရမလား? ကျွန်မက လူစားလဲခံရမှာလား ... မလဲခံရဘူးလား?"
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...