သူမဆိုင်ကယ်ကို ထုတ်ကတည်းက ... နန်ရှီသည် အနက်ရောင် leather ကိုယ်ကျပ်ကို အပေါ်အောက် ဝတ်ဆင်ထားပြီးသားပါ။ အပြေးအလွှား မောင်းနှင် ပြီးရောက်လာတဲ့နောက် ... သူမ၏ဆိုင်ကယ်ဦးထုပ်နဲ့ လက်အိတ်ကို ချွတ်လိုက်သည်၊ သူမရဲ့ရှည်လျားတဲ့ ဆံပင်တွေက ရေတံခွန်လိုမျိုး သူမ ပခုံးပေါ်ဖြာဆင်းသွား၏။ သူမကိုကြည့်ရတာ အလွန်တက်ကြွကြော့ရှင်း လွန်းနေတယ် ... ရိုးရိုးစင်းစင်း လှပလွန်းသည်။
သူမရဲ့သွင်ပြင်ကို မြင်လိုက်ရတဲ့ ... လုကျင်းလီ တစ်ယောက် သူ့အမြင်တွေ မလွှဲနိုင်လောက်အောင် ဖြစ်မိသွားသည်။
"လုကျင်းယွီ ... ငါ တကယ် မင်းကို မလုပ်ရဲဘူး ... ထင်နေလား?" ဧည့်ခန်းက ထောင့်တစ်နေရာတွင် ... လုထင်းရှောင်က သူ့သားကို ဖမ်းမိသွား၏၊ ဘယ်နေရာမှ ထွက်ပြေးလို့မရတော့ဘူး။ သူ့လက်ထဲမှာရှိတဲ့ ကောင်လေးက လွတ်မြောက်ဖို့ ရုန်းကန်၏ ... စိတ်ရိုင်းဝင်နေသည့် သားရဲပေါက်တစ်ကောင်က သူ့လက်သည်း သေးသေးလေးတွေ ထုတ်ကာ နေသလိုမျိုး ...
"မလုပ်နဲ့!" နန်ရှီက ရတနာလေးကို ဆတ်ကနဲ ဆွဲယူလိုက်သည်။
ရတနာလေးက ဘယ်သူလဲဆိုတာသိဖို့ သူ့ခေါင်းလေးကို မော့လိုက်သည် ... ခဏလောက် ကြောင်သွားပြီးမှ ... သူ့မျက်လုံးလေးတွေက နီရဲလာ၏၊ ပြီးတော့ နန်ရှီရင်ခွင်ထဲ နက်နက်ရှိုင်းရှိုင်းတိုးဝင်လာ၏ ... တင်းတင်းကြပ်ကြပ် ကုပ်တွယ်ထားပြီး ဘယ်မှထွက်သွားခွင့် မပြုတော့ပေ။
မနေ့ကပဲ ညင်သာသည့် ချစ်စဖွယ်ပေါက်စီသေးသေးလေးက ... ခုတော့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့ တုန်ယင်နေတာကိုမြင်လိုက်ရတော့ ... နန်ရှီရဲ့နှလုံးသားမှာ နာကျင်မှုတွေက ရစ်ပတ်လာသည်။
စိတ်တွေ မဟားတရားကို တိုးမိသွားသည် ... ဒါကြောင့် တဖက်လူဟာ ကြောက်စရာ Big Boss ဆိုတာကို သတိမရမိတော့ဘူး ... ထိုသူ့ထံသို့ စကားလုံးတွေ အပြင်းထန် ပစ်လွှတ်တော့တယ်။ "မစ္စတာလု ... ကျွန်မက အပြင်လူတစ်ယောက်မှန်း သိပါတယ်၊ ပြီးတော့ ဒီလိုဝင်ပြောရမယ့် အခွင့်လည်း ကျွန်မမှာမရှိပါဘူး ... ဒါပေမယ့် ကျွန်မ ပြောချင်တာ တစ်ခုပဲရှိပါတယ်. သူ့အပေါ်ဆုံးမတဲ့ ရှင့်နည်းလမ်တွေက ဒီနေရာမှာ မှားယွင်းနေတယ် ဆိုတာပဲ. ကလေးငယ်လေးတွေဆိုတာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လိုအပ်တယ် ... အထူးသဖြင့် ရတနာလေးလို စိတ်အခြေအနေမျိုးမှာ ဆိုရင်ပေါ့. သူ့မှာ စိတ်ဒဏ်ရာ အကြီးအစားရှိနေပြီးသား ... အမေဆိုတာမျိုးကလဲသူ့ဘေးမှာရှိမနေဘူးလေ၊ ဒါကြောင့် ရှင်သူ့ကို ပိုပြီးစိတ်ရှည် သည်းခံသင့်တယ်လေ. ဘယ်လိုတောင်သူ့အပေါ် ခက်ထန်နေရတာလဲ? သူဘယ်လောက်ကြောက်သလဲကို ရှင်မမြင်ဘူးလား? ရှင့်လက်နဲ့ ရှင်ကိုယ်တိုင် သူ့ကိုဖျက်စီးနေတာပဲ!
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...