ကျန်းမုရယ်၏ စစ်ဆေးမေးမြန်းတဲ့ အသံက နန်ရှီ့အား စိတ်ကျဉ်းကြပ်စေတယ် ... အဲ့ဒီနောက် သူမမျက်ခုံးတို့ တွန့်ကုတ်၍။ "အဲ့တော့ရော ဘာဖြစ်လဲ? ငါက အဲ့လိုလုပ်လို့ မရဘူးလား? ဟမ် ... ဟမ်?"
ကျန်းမုရယ် ဒေါသတို့ တလိပ်လိပ်တက်လာ ပြီးနောက်တွင် သူမကို ဒေါသတကြီး ကြည့်လာပေသည်။ "နန်ရှီ ... မင်းသေချင်လို့လား. လုထင်းရှောင်နဲ့ ကစားရဲတယ်လား၊ မင်း မီးနဲ့ကစားနေတာနော် ... မကြောက်ဘူးလား?"
"ငါက မီးနဲ့ကစားရတာ သဘောကျတယ်လေ ... အဲ့ဒါ နင်နဲ့ ဘာဆိုင်သလဲ?" ကျန်းမုရယ်ရဲ့ စကားလုံးတွေက စိတ်ရှုပ်ဖို့ကောင်းလာတာမို့ နန်ရှီလည်း သူနဲ့စကားပြိုင်လုမိသွားတယ်။
"နင်..." ကျန်းမုရယ် ဒေါသအဟုန်တို့ မီးပုံယမ်းကျလုနီးပါးပေ ... နောက်ဆုံး သူမနောက်ရှိ တိုင်လုံးပေါ်သို့ သူလက်သီးကျရောက်သွားပေတယ်။ "နန်ရှီ ... ငါနင့်ကို ခြိမ်းခြောက်တာ မဟုတ်ရပါဘူး၊ သူငယ်ချင်းတစ်ယောက် အနေနဲ့ နင့်ကို သတိပေးတာပါ ... နောက်တော့မှ နင် ဘယ်လိုတောင် သေသွားမှန်း မသိလိုက်မှာ ဆိုးလို့ပါဟာ! လုထင်းရှောင်ကို ဘာထင်နေလဲ? နင်အရင်က တွဲခဲ့တဲ့ ငချွတ်လေးတွေနဲ့ သူက တူတယ်များ ထင်နေသလား?"
နန်ရှီ မျက်စံအိမ်တို့ လည်သွား၏။ "ငါ့ကို ငတုံးများ ထင်နေတာလား? ငါ အကုန်သိတယ်ဟဲ့!"
"အဲ့ဒါများ နင်ဘာလို့ ဆက်ပြီး...."
"ဆက်ပြီးတော့ ဘာလဲ? အကယ်၍ လုထင်းရှောင်နဲ့ငါ အိပ်တော့ရော နင့်အရေးလား?"
"နင်...." ကျန်းမုရယ်တစ်ယောက် တဖြေးဖြေး တည်ငြိမ်အောင် လုပ်ရတယ်; တကယ့် စိတ်ထဲ ရင်ထဲမှာတော့ ... နန်ရှီက မိုက်မိုက်မဲမဲတွေ လုပ်မှာမဟုတ်မှန်း သူသိပြီးသားပါ၊ ဒီတော့ သူ့ဒေါသကိုပဲ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရ၏ ... ဒီနောက် အသက်ပြင်းပြင်း ရှုထုတ်လိုက်ရင်းဖြင့်။ "ကဲ ဒါဆို ငါ့ပြောပါအုံး ... ဘယ်လို ဆက်သွားမှာလဲ?"
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Lãng mạnခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...