Part(14.2)

9.5K 1.2K 290
                                    


Zawgyi

"ကိုကို''

အိပ်ရာအဖြူပေါ်မှာ
အိပ်ပျော်နေတဲ့ကိုကို့ကို
မရဲတရဲခေါ်ဆိုမိတယ်..။

အဖြူရောင် အိပ်ရာခင်းမှာ
ပျားရည်ရောင်ဆံနွယ်တွေက မနေ့ကလို
ဖြီးသင်ထားခြင်းမရှိတော့
မေးရိုးချွန်ချွန်တွေဘေးမှာလွတ်လပ်စွာ
ကျဆင်းနေတယ်..။

ကိုကိုကဒီငါးနှစ်အတွက်ချောလွန်းလာလိုက်တာ..။
ခန့်ညားစွာကြည့်ကောင်းလို့..

နှုတ်ခမ်းအပေါ်နားလေးကမှဲ့နက်လေးကို
အကြည့်အရောက်

မနေ့ညက
ကျနော့်ကိုနမ်းရှိုက်ခဲ့တဲ့နုတ်ခမ်းနှုတ်လွှာက
ရဲထွေးလို့..ရင်ခုန်သံမြန်လာရပြန်တယ်..။

ကိုကိုမသိဖူးးမလား
ပထမဆုံးအနမ်းမှန်း
ကျနော်နဲ့ဆာဝါမူရာကပဲ
သိပ်သရုပ်ဆောင်ကောင်းခဲ့ကြတာများလား?

အဲဒီနှုတ်ခမ်းတွေ...
တောက်တောက်ပပပြန်ပြုံးလာအောင်
နည်းလမ်းရှာဖွေနေဆဲ...

မနက်အိပ်ရာထဖို့လာနှိုးတာဆိုပေမယ့်
ကျနော့်ကိုမြင်လို့
ကိုကို့မနက်ခင်းအကျည်းတန်သွားခဲ့ရင်..

လှိုက်တတ်လာတဲ့ဝမ်းနည်းစိတ်ကြောင့်
ခေါင်းလေးငုံ့ရင်းလာရာလမ်းကို..
ပြန်လှည့်လိုက်မိတယ်..။

"မနေ့ညကအနမ်း''

ခပ်ရှရှအသံကြောင့်ကျနော်တုန်ခနဲ
ကိုကိုနိုးနေတာလား??

"အထင်မှားမနေနဲ့
ဒီတိုင်းမင်းကိုစမ်းကြည့်ရုံပဲ
ကောင်မလေးတွေလောက်တောင်
အရသာမရှိပါဘူးး''

နှုတ်ခမ်းကိုသွေးထွက်မတတ်ဖိကိုက်မိရင်း
ပြန်လှည့်မကြည့်မိ...။
ကျောပေးသာရပ်ထားမိသည်..။

မငိုနဲ့အာကီယာမာဂျင်း
ဒါမင်းနဲ့ထိုက်တန်တဲ့အရာပဲ..

"Companyကိုလိုက်ခဲ့
မင်းကဟာနာဇဝါဂျင်းဖြစ်သွားပြီလေ
မင်းကောင်ကမငြိုငြင်လဲ
ချစ်သူရဲ့ပိုက်ဆံချူစားနေတဲ့သူမျိုးအဖြစ်မခံနိုင်ဘူး
မင်းအလုပ်လုပ်ရမယ်''

မဖြစ်ဘူး
လူစိမ်းတွေနဲ့ကြောက်တတ်တဲ့စိတ်
ကျနော်တကယ်မဖြစ်ဘူးရယ်
ကိုကိုသိသွားလိမ့်မယ်...

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now