မိသားစု လေးယောက် ဆန့်သော ထမင်းစားပွဲဝိုင်းပေါ်တွင် ပူပူနွေးနွေး ထမင်းဟင်းတို့ကို အစီအရီ တင်ထားသည်။
Apron နှင့် သူမ၏ အမေ ထမင်းစားချိန်ရောက်တော့ မိသားစုဝင်များအား အော်ခေါ်လေပြီ။
" ယောက်ျားရေ ထမင်းအဆင့်သင့်ပြီ!! Haneul ရေ မောင်လေးကို ခေါ်ပြီး ဆင်းလာခဲ့တော့!!"
အဖေဖြစ်သူကတော့ ကွန်ပျုတာရှေ့ထိုင်နေရာမှ အကြောအနည်းငယ်ဆန့်ကာ ဇနီးသည်၏ အော်ခေါ်သံကြောင့် အခန်းထဲမှ ထွက်လာကာ မီးဖိုချောင်တွင် နေရာယူလိုက်သည်။
ထိုအချိန် ကျောင်းမှ ပြန်ရောက်၍ ရေမိုးချိုးပြီးကာလ တစ်လျှောက်လုံး ကုတင်ပေါ်တွင် ထိုင်ကာ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ စဉ်းစားနေသော Lee Haneul။ သူမအတွးများထဲတွင် Jungkook ဟူသော ထူးဆန်းသော ကျောင်းသားတစ်ယောက်လည်း ပါဝင်သည်။
•~•~•~•
အောက်ထပ်မှ အမေဖြစ်သူ၏ အော်သံကြောင့် သူမ ကုတင်ပေါ်ကဆင်း အခန်းထဲက ထွက်ကာ ဘေးခန်းသို့ ဝင်သွားသည်။ ထိုအခန်းမှာတော့ သူမ၏ မောင်လေးဖြစ်သူ Lee Hong Woo ၏ အခန်းပင်။ စာကြည့်စားပွဲပေါ် ခေါင်းတင်ကာ အိပ်နေရှာသော ၁၅ နှစ်အရွယ်မောင်လေးအား နှိုးကာ အောက်ထပ်သို့ အတူဆင်းလာခဲ့သည်။
Haneul နှင့် Hong Woo တို့မောင်နှစ်မ နှစ်ယောက်မှာ အသက်သုံးနှစ်ကွာသည်။ Lee Haneul သည် ပြီးခဲ့သောလကမှ ၁၈ နှစ်ပြည့်သွားပြီးဖြစ်သည်။
အငွေ့နစ်ထောင်းထောင်းနှင့် မွှေးကြိုင်နေသော ဟင်းအမယ်များအား အတူတကွ အချိန်ယူကာ စားသောက်ရင်း လှပသော ညနေခင်းလေးအား သူတို့မိသားစု ဖန်တီးဖြစ်ခဲ့ကြသည်။
○■○■○■○
အေးနေသော ရာသီဥတုက Haneul အား အိပ်ယာမှထရန် အံတုနေသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ ဝင်လာသော နှင်းရည် များကြောင့် ပြတင်းပေါက်ဘောင်တွင် တင်ထားသော ဆူးပင်လေးမှာ စိုစွတ်နေပြီ။
Haneul စောင်ထဲတွင် အိပ်ချင်မူးတူးဖြင့် လက်များအား ရှေ့ထုတ်၍၊ ခြေများအား ဆန့်၍ အကြောဆန့်နေသည်။ ဒါက လူသားအများစု လုပ်တတ်တဲ့ အကျင့်ဘဲမလား။
YOU ARE READING
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019