•13•

1.5K 251 12
                                    


" ငါဘာလို့ နင့်အနားရောက်နေရင် ဘာလို့ ရင်တွေခုန်လာရတာလဲ? Jeon Jungkook နင်..ငါ့ကို ဘာတွေလုပ်ထားတာလဲ.."

စကားအား တစ်ရတွတ်ပြောနေသော ကောင်မလေးအား Jungkook စိုက်သာကြည့်နေမိသည်။

ယခုချိန်ထိ သူတစ်ယောက်တည်း ထိုသို့ခံစားနေခဲ့ရသည်မဟုတ်။ သူမပါ ခံစားနေရတယ်တဲ့လား..။

သူ့ကို တွေ့ရင် အနားမှာဘဲ ခေါ်ထားချင်တဲ့စိတ်တွေ။ သူမကို ထိတွေ့ချင်တဲ့စိတ်။ ကိုယ့်အပိုင်ဆိုပြီး တစ်လောက်ကလုံးကို အော်ပြောချင်တဲ့ စိတ်တွေ..haneul ကောခံစားနေခဲ့ရတာပေါ့...။

ဒါကို ဆက်ပြီးဖုံးကွယ်ထားပြီး ကျွန်တော့်ကို တွန်းထုတ်ချင်ပေမယ့် မတတ်နိုင်တဲ့ ကျွန်တော့်ရဲ့ ဖူးစားရှင်လေး...

ဒီလိုမျိုးဆက်ပြီး နာကျင်မနေရအောင်..

သေးသွယ်တဲ့ သူမ၏ခါးမှ ဆွဲဖက်ကာ Jungkook ၏နှုတ်ခမ်းက သူမ၏ နှုတ်ခမ်းပေါ် ကျရောက်သွားသည်။

အံ့ဩမှုများက haneul ၏မျက်နှာပေါ်ထင်ရှားနေသည်။
Jungkook ၏အပြုအမူအား ငြင်းဆန်ရမည်ဟူသော အသိရှိနေ၍ သူ့အား တွန်းထုတ်ရန် စဉ်းစားမိသော်လည်း သူမကိုယ်တိုင်ကပင် ဤအခြေအနေကို နှစ်သက်မိသွားသည်၊

ဦးနှောက်ထဲတွင် ဟော်မုန်းများနှင့် တိုက်ပွဲဝင်နေသော်လည်း လှုပ်ရှားနေသော Jungkook ၏နှုတ်ခမ်းများက သူမအား အသေသတ်နေသည်။

နောက်ဆုံး မတတ်နိုင်တော့ဘဲ သူမ၏လက်များက Jungkook ၏လည်ပင်းအား အသာကုတ်တွယ်ကာ ပြန်တုံ့ပြန်မိတော့ အနမ်းထဲတွင်ပင် Jungkook ပြုံးလိုက်သည်ကိုခံစားမိသည်။

အခြေအနေတွေက အရမ်းကို မြန်ဆန်လွန်းနေမလားတော့မသိပေမယ့် သူတို့နှစ်ဦးအတွက်တော့ ရင်ထဲတွင် ပျောက်ဆုံးနေသော အပိုင်းအစလေးတစ်ခုအားရှာတွေ့လိုက်သလို....

ပြည့်စုံသွားသော ခံစားချက်က နိဗ္ဗာန်ရောက်နေသလို...

စိတ်လှုပ်ရှားမှုများက တိုးသထက်တိုးလာသလို..
ဟော်မုန်းအရှိန်များကလည်း တိုးသထက်တိုးလာသည်မို့...

အဆင့်တွေအရမ်းမကျော်မိခင် နှစ်ယောက်သား ခွာလိုက်ကြသည်။

ധ๏ℓՔ / jjк [✔]Opowieści tętniące życiem. Odkryj je teraz