မကြာခင်ဆို နေ့လယ်စာစားချိန်လည်း ကုန်တော့မည်။ ကျောင်းသား ကျောင်းသူများက နောက်တက်ရမည့် သင်ခန်းစာများအတွက် ကြိုတင်ပြင်ဆင်ကာ သက်ဆိုင်ရာအခန်းဆီသို့ ရွေ့လျားနေကြပြီ။
ဒါပေမယ့် ဘာလို့ Jungkook ကဒီလောက်ကြာနေရတာလဲ။ အရေးကြီး ပြောစရာရှိပါတယ်ဆို...။
Hanneul စိတ်မရှည်တော့ပါဘဲ ဆရာ၏အခန်းဘက်သို့ လိုက်လာခဲ့တော့သည်။
ဘာတွေ ဆရာ့ကို ပြောစရတွေရှိနေလို့ ဒီလောက်ကြာနေရတာလဲ?
သူမ တံခါးအားဖွင့်ရန် ဘုအား လှမ်းကိုင်လိုက်စဉ်ပါဘဲ အမှတ်မထင် ထွက်ပေါ်လာသော အော်သံတစ်ခု...
" မင်း ဘယ်လိုလုပိ ပြောရက်နိုင်ရတာလဲ Kook! အဲ့ မကောင်းဆိုးဝါး လူတွေက Tae လေးကို ဖမ်းထားပြီး အခုချိနိထိ ဘာတွေလုပ်ခဲ့မှန်းမှ မသိတာ..
အခုချိန် ထယ်လေး အားအရမ်းနည်းနေတယ်..။ ပုံမှန်လို သူနဲ့ စိတ်ချင်းဆက်သွယ်ဖို့တောင် သူ့အတွက်အားနည်းနေတယ်ဆိုကတည်းက သူတို့တွေ ထယ့်ကို တစ်ခုခုလုပ်ထားလိုက်ပြီ!!"
သေချာပေါက် ဆရာ Kim Seok Jin ရဲ့ အသံပါ..။
ဒါပေမယ့် ဘာလို့ ဆရာက Jungkook ကို ' kook ' လို့ခေါ်ရတာလဲ...?
" ဒါပေမယ့် Hyung....."
* Ring * Ring * Ring *
ရုတ်တရက် ကျယ်လောင်စွာ ထမြည်လာသော ဖုန်းကြောင့် Hanneul စိတ်ထဲတွင် ဆဲဆိုနေမိလိုက်သည်။
' ဘာလို့ အခုချိန်ကြမှ...'
ပြီးနောက် မကြာလိုက် ထွက်ပေါ်လာသော Jungkook ၏မျက်နှာ...။
သူ၏ မျက်နှာမှာ တစ်ခုခုကို ထိတ်လန့်ပြီး စိုးရိမ်နေသလို..မရေရာ မသေချာ သော မျက်နှာထားနှင့် ...
သူမအား လက်ကောက်ဝတ်မှဆွဲကာ ခေါ်ဆောင်သွားသည်။
" Jungkook! လွှတ်! ဘယ်သွားမလို့လဲ..."
သူက လက်အား ချက်ချင်းလွှတ်ပေးကာ ယုန်သွားလေးများပေါ်အောင် ရယ်ပြလိုက်သည်။
" အတန်းစတော့မှာမို့ ငါ စိတ်လောသွားမိတာ...။ ငါ နင့်လက်ကို အရမ်းတင်းနေအောင် ကိုင်မိသွားလား..?"
BINABASA MO ANG
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019