" ဒါက ..ဘယ်နေရာလဲ"
စွပ်ပြုတ်ပန်းကန်အား သူမရှေ့ ချပြီးနောက် သူ့အားပြူးကြည့်နေသော ကောင်မလေးရှေ့ သူဝင်ထိုင်လိုက်သည်။
" ငါ့အိမ်"
" ဒါနဲ့ တစ်ခါမှ ဒီလို အိမ်ကြီးမျိုး ဒီလိုတောရွာလေးမှာ ရှိမယ်လို့ မထင်ခဲ့ဘူး"
Jungkook စိတ်ထဲတွင်သာ
' မင်းအခုရောက်နေတာ တခြားကမ္ဘာမှာလေ'
" Jungkook..ငါ အိမ်ပြန်တော့မယ်..."
ဟူ၍ ကုတင်ပေါ်မှ ထထိုင်ကာ ဆင်းမည်လုပ်နေသော Haneul ၏လက်ကောက်ဝတ်အား Jungkook ဆွဲကိုင်ကာ တားလိုက်မိသည်။
" ဘာ..လုပ်နေတာလဲ?"
သူမအား စူးရှစွာ ကြည့်နေသော Jungkook ကြောင့် Haneul ကြက်သီးများပါထလာသည်။ တဖြည်းဖြည်း မှေးကာ ကြည့်လာသော သူ၏အကြည့်တွေက ကျားတစ်ကောင်က သူ၏သားကောင်အား စားတော့မတတ်ကြည့်နေသော အကြည့်တွေလို...။
" Jungkook?"
" မှန်နေတာဘဲ..."
ဘာကိုလဲ? Haneul ကြောင်အမ်းအမ်းနှင့် မျက်မှောင်ကြုံ့လျက်။
" ဟက်!....နောက်ဆုံးတော့ မင်းဘဲကို.."
ကြင်နာသော မျက်လုံးများဖြင့် ပြုံးသွားသော Jungkook အား Haneul နားမလည်နိုင်တော့ပါ။
သူဘာတွေပြောနေတာလဲ? ငါက...ဘာလဲ?
ဘာတွေပြောနေတာလဲ?" ငါ..ပြန်တော့မယ်..."
သူမ ထိုစကားအားပြောလိုက်တော့ သူမ၏လက်အား ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းကို ခံလိုက်ရသည်။
" ညနေမှ ပြန်။ ...လိုက်ပို့ပေးမယ်.."
" ဟင့်အင်း..အိမ်က စိတ်ပူနေလိမ့်မယ်။ အခု ပြန်မယ်..."
ဆိုတော့ Jungkook လည်း မတားတော့ဘဲ သူမ၏လက်အား လွှတ်ပေးလိုက်သည်။
" ဒါဆို..သွားတော့.."
ခုနကဘဲ မသွားနဲ့ဆိုပြီး တားခဲ့ပြီး အခုကျတော့ ချက်ချင်းကြီးသွားတဲ့။အပြောင်းအလဲကလည်း မြန်လိုက်တာ...။
ဟူ၍ တွေးကာ သူမ အခန်းအပြင်သို့ထွက်လာတော့သည်။
•~•~•~•~
YOU ARE READING
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019