•34•

1.8K 216 25
                                    

ချွေးတသိပ်သိပ်နှင့် သူမအား ဖက်တွယ်ထားသော Jungkook ၏မျက်နှာလေးအား သူမ အသာအယာကိုင်တွယ်ရင်း ဝမ်းနည်းသော အပြုံးလေးအား ပြုံးလိုက်သည်။

ထို့နောက် ချစ်ရသူ၏ နဖူး၊ ပါးနှစ်ဖက်၊ နှာခေါင်းလုံးလုံးလေးနှင့် နှုတ်ခမ်းလေးအား ခပ်ဖွဖွနမ်းလိုက်သည်။

ထို့နောက် ကုတင်ပေါ်မှ ဖြေးညင်းစွာ ထလိုက်ကာ စားပွဲပေါ်ရှိ စာအုပ်နှင့် ဘောပင်အား ကိုင်လိုက်သည်။

ဆုတ်ယုတ်လာသော ကိုယ်ခံအားအား အံတုကာ စာတစ်စောင်အား ကြိုးစားရေးလိုက်သည်။

ထိုစာလေးမှာ ဒီလိုစသည်။

" တောင်းပန်ပါတယ် Jungkook။ ငါ နင့်ကို မပြောပြဖြစ်ခဲ့တာတွေ အများကြီးရှိလို့ တောင်းပန်ပါတယ်....။"

အေးခဲလာသော ကိုယ်ခန္ဓာအား စောင်ထပ်ခြုံလိုက်ရင်း ဒေါ်လေး ပြောခဲ့ဖူးသော စကားများအား ကြားယောင်မိသည်။
















" သမီးအမေ ဘာလို့ သေသွားတာလဲ ...?"

" ဒေါ်လေး အမှန်အတိုင်း ပြောပါရစေ...သမီး အမေတို့ တစ်မျိုးလုံး ကျိန်စာသင့်နေတာ.."

" ဘယ်လို??...ဘယ်လို ကျိန်စာသင့်နေတာလဲ? ပြောပြပါ ဒေါ်လေးရယ်..."

" ပြောရရင်တော့ အရှည်ကြီးဘဲ သမီး...

ဟိုးရှေးရှေးတုန်းကပေါ့ သမီး အဘွား မမွေးသေးခင် မိန်းမတစ်ယောက်က ဝံပုလွေနဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ သူတို့နှစ်ယောက်က Mate မဟုတ်ခဲ့ဘူးလေ...။

သူတို့ နှစ်ယောက်က အရမ်းချစ်တော့ နောက်ဆုံး အတူနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီ ဝံပုလွေရဲ့ mate ဖြစ်သူကို လျစ်လျူရှုပြီးတော့ပေါ့...။

အဲဒါနဲ့ သူတို့နှစ်ယောက် လက်ထပ်ယူလိုက်ကြတဲ့အချိန် ဝံပုလွေယောက်ျားရဲ့ mate က အရမ်း ဝမ်းနည်းခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့အထိ ဖြစ်သွားရတာပေါ့။ လူသားတစ်ယောက်က သူ့ရဲ့ အပိုင်လက်တွဲဖော်ကို လုယူသွားတာကိုး...။

အဲဒါကို မကြည့်ရက်တဲ့ သူ့သူငယ်ချင်း စုန်းမတစ်ယောက်က သူ့သူငယ်ချင်းအတွက် လင်မယားနှစ်ယောက်ကို ကျိန်စာတိုက်လိုက်တယ်။

ധ๏ℓՔ / jjк [✔]Where stories live. Discover now