•33•

1.7K 222 34
                                    

အလွန်ပင်နာကျင်စွာ ထိုးကိုက်နေသော ခေါင်းအား သူမ လက်ဖြင့်နှိပ်နယ်ရန် လက်အားမယူလိုက်သော်လည်း ဘာခံစားမှုမှမရှိ။

အမှောင်ခုကလွဲပြီး ဘာမှမမြင်ရသော သူမ၏စိတ်သည် အလွန်ပင် ကျဉ်းကျပ်၍နေသည်။

ငါဘာလို့ လှုပ်လို့မရတော့တာလဲ?
ဘာလို့ အမှောင်ကြီးဘဲ မြင်နေရတာလဲ?

ခေါင်းကလည်း တစ်ဆစ်ဆစ်နှင့် လက်ကောက်ဝတ်ကလည်း နာကျင်နေသည်။

တစ်ခါတစ်ခါ အသက်ရှုနေရင်းမှ အောက်စီဂျင်ပြတ်တောက်သွားသလိုမျိုး အသက်ရှုကြပ်လာသည်။

" Hanneul......"

ဒီအသံ...။ ဟုတ်တယ် ဒီအသံလေး။
နားထဲမှာ ထပ်ကြားချင်သေးတယ်။ သူ့ရဲ့ ချိုသာတဲ့ အသံနဲ့ ကျွန်မနာမည်ကို ခေါ်နေတာ ကြားချင်သေးတယ်။

သူမ မျက်လုံးများအား ကြိုးစား၍ဖွင့်ကြည့်သည်။

အား..! ဘာလို့ ပွင့်မလာတာလဲ?

ခန္ဓာကိုယ်အား အသားကုန်အားထည့်၍ လှုပ်ကြည့်သည်။

လှုပ်၍မရ...။

' ငါ...ဘာလို့ ဘာမှ လှုပ်လို့မရတော့တာလဲ? မဖြစ်ဘူး Jungkook နဲ့ တွေ့ရဦးမယ်...။ သူ့နဲ့ အတူတူနေသွားရဦးမယ်...'

" babe....!! Hanneul ဘာဖြစ်နေတာလဲ? ချွေးတွေပြန်ပြီး မျက်တောင်တွေလှုပ်နေပေမယ့် ဘာလို့ သတိမရလာတာလဲ?"

လက်ချောင်းလေးများနှင့် မျက်တောင်လေးများက အဆက်မပြတ်လှုပ်ယှက်နေသော်လည်း သတိမရလာတာကြောင့် Jungkook အလွန်ပူပန်မိနေသည်။

" စိတ်အေးအေးထားပါ ကလေး..။ သူ သတိပြန်လည်လာမှာပါ..။ အခု သူ့ရဲ့ သွေးက ဒီကလေးရဲ့ ကိုယ်ထဲ စီးဆင်းနေပြီ။ သတိရလာရင် နှစ်ယောက်လုံး အတူတူ ထလာလိမ့်မယ်..."

Jungkook ဘာမှမထိုင်ဘဲ သူမ၏ လက်လေးသာ ဆုပ်ကိုင်ရင်း ဆုတောင်းနေမိတော့သည်။


•~•~•~•~•


" ....kook...."

ညင်သာစွာခေါ်လိုက်သော်လည်း အိပ်ပျော်သူက မကြား။ ဘာဘဲဖြစ်ဖြစ်ပါလေ။ ဒီအိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို မမြင်ရတော့မှာစိုးလို့ ကြောက်နေခဲ့ရတာ..။

ധ๏ℓՔ / jjк [✔]Where stories live. Discover now