ညနေ မှောင်စပျိုးလာချိန်ဆို သူ စိတ်တွေ အရမ်းလှုပ်ရှားနေတတ်သည်။
အယောင်အဆောင် ကင်းမဲ့ကာ သူ၏ ပုံစံအစစ်အမှန်ကို သူ အလွန်သဘောကျသည်။
အမှောင်ထုများ ဖုံးလွှမ်းနေသော ညဟူသော အချိန်အခါက သူ့အား လွတ်လပ်မှုပါ သာမက ပျော်ရွှင်မှုတွေပါ ဆောင်ကျဉ်းပေးသူ...
~•~•~•~
သစ်ပင်များစွာဖြင့် နေရောင်ပင်ထိုးမဖောက်နိုင်လောက်အောင် ကြီးသော တောအုပ်ကြီးထဲတွင် မည်သည့်အရာတွေက ကျက်စားနေထိုင်ကြမယ်လို့ ထင်လဲ?..
သေချာတာတစ်ခုကတော့ အရိုင်းဆန်တဲ့ သားရဲတွေရယ် မကောင်းဆိုးဝါးတွေဘဲ ပေါ့..
အဲ့ဒီလို တောအုပ်ကြီးထဲ ရောက်သွားရင် လုံးဝ မလုံခြုံနိုင်ဘူးဆိုတာ သူတို့မိသားစုလည်း သိထားပါတယ်။
ဒါပေမယ့် ဘယ်တတ်နိုင်မလဲ? အဖေဖြစ်သူက ဝံပုလွေတွေ အကြောင်း သုတေသန လုပ်နေတော့ ဒီတောအုပ်နားကို မပြောင်းချင်ဘဲ ပြောင်းခဲ့ရတယ်။
ဝံပုလွေတွေ တည်ရှိနေတယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူတို့မှာ အစွမ်းဘယ်လောက်ရှိတယ်ဆိုတာတော့ လူတိုင်းမသိနိုင်ပါဘူး..။
ဟုတ်တယ် သူတို့တွေက လူယောင်ဖန်ဆင်းနိုင်တယ်။ လူတစ်ယောက်လို သွားတယ် လာတယ် စားသောက်တယ်။ ဒါပေမယ့် ဘယ်အချိန်မှာ သူတို့ရဲ့ သရုပ်မှန် ပေါ်လာတတ်ကြလဲဆိုရင်တော့...
ညအချိန်ပါဘဲ။
•■•■•■•
" ည ကျရင် သတိထား သမီး။ ညနေစောင်းတာနဲ့ အပြင်မထွက်နဲ့တော့။ ဟုတ်ပြီလား"
အဖေ့၏ စကားအား ခေါင်းငြိမ့်ပြလျက် လက်ထဲမှ ပွေ့ချီထားသော အမွှေးပွ အရုပ်လေးအား တင်းတင်းဆုပ်ကိုင်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။
ဘာလို့လဲ? ဘာလို့ ငါတို့က ဒီမှာနေမှဖြစ်မှာလဲ? ဒီလိုအန္တာရယ်များပြီး လူနေနည်းတဲ့ နေရာမျိုးမှာမှ တာဝန်ပေးရတာလဲ...
အိမ် ကို လွမ်းလိုက်တာ....
တွေးနေရင်း လက်ဖမိုးပေါ် မျက်ရည်တစ်ပေါက် ကျဆင်းသွားသည်။
BINABASA MO ANG
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019