•8•

1.6K 252 2
                                    

Cookie နောက် မျက်မပြတ်လိုက်နေမိသည်မှာ တဖြည်းဖြည်း အမှောင်ထုများ တောအုပ်ကြီးထဲတွင် ကြီးစိုးလာသည်ကို သတိမထားမိလောက်သည်အထိပင်။

ပြေးနေသော Cookie မှာရုတ်တရက် အသွင်ပြောင်းကာ မိန်းကလေးတစ်ယောက်၏ နောက်ကျောဘက်က အလိုလို Haneul အား ကျောပေးထားပြီးသား ဖြစ်သွားသည်။

Haneul မျက်လုံးများ အမြင်မှားနေသည်အထင်နှင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ဖြစ်ပျက်သမျှကို ဦးနှောက်ထဲတွင် စီစစ်နေတုန်း..

ကျောပေးထားသော မိန်းကလေးတစ်ဦး သို့မဟုတ် ခုနလေးကတင် Cookie ယောင်ဆောင်ထားသော မိန်းကလေးက Haneul ထံသို့ ဖြေးဖြေးချင်းလှည့်လာသည်။

Haneul သူမ၏ မျက်နှာအား မြင်မြင်ချင်း သူ၏လက်များက ပါးစပ်အား အုပ်မိသားဖြစ်သွားသည်။

Kry-Krystal?
သူက ဘာလို့??

သူမ ခေါင်းထဲတွင် ကိုယ့်ကိုယ်ကိုယ် အံ့ဩမှုဖြင့် မေးခွန်းထုတ်မိနေတုန်း...

" လူတွေက တော်တော် တုံးအကြတာဘဲ...။ နည်းနည်းလေး လှည့်ဖျားလိုက်တာနဲ့ကို ပါလာတယ်...သနားစရာဘဲ..ကျွတ်ကျွတ်"

Krystal ၏ ရန်မူသောစကားအား ကြားပြီး Haneul ဒီတိုင်းလေးသာ သူမအား စိုက်ကြည့်နေမိသည်။

အခုချိန်ထိ ဘာတွေဖြစ်နေလဲဆိုတာ သူမစဉ်းစား၍မရသေးပါ။

ပထမအနေနဲ့ ဘာလို့ Cookie ကနေ Krystal ဖြစ်သွားရတာလဲ? သူမက လူမဟုတ်ဘဲ တခြားတစ်ခုခု ဖြစ်နေတာလား?

ဒုတိယအချက်အနေနဲ့ ဘာလို့ ငါ့ကို ရန်မူနေရတာ?
သူနဲ့ ငါနဲ့ စကားများတာမျိုး မဖြစ်ခဲ့ပါဘူး။
ကျောင်းမှာတောင် တစ်ခါလောက်ဘဲ တွေ့ဖူးသေးတာ..။

Haneul ဘယ်လို ပြန်ပြောရမလဲ၊ ဘယ်လိုပြန်၍တုံ့ပြန်ရမလဲ မတွေးတတ်တော့။

အရင်ဆုံး ဘာတွေဖြစ်နေလဲဆိုတာ နားလည်အောင်လုပ်ရမည်။

" ဘာတွေပြောနေတာလဲ? Krystal နင်က လူမဟုတ်ဘူးလား? ပြီးတော့ ဘာလို့ ငါ့ကို မကြည်ဖြစ်နေရတာလဲ? ငါဘာမှ မသိတော့ဘူး..."

ထိုအခါ Krystal ၏ပါးပြင်ထက် လှောင်ပြုံးတစ်ခုက ထွက်ပေါ်လာပြီး လက်ဖျောက်တစ်ချက်တီးလိုက်တော့ Haneul ၏ပတ်ပတ်လည်တွင် အစွယ်ကြီးများနှင့် ထွက်ပေါ်လာသော ဝံပုလွေကြီးများ.....။

ധ๏ℓՔ / jjк [✔]Tempat cerita menjadi hidup. Temukan sekarang