" M-mate?? "
Jungkook ခေါင်းသာငြိမ့်ပြသည်။
" အဲ့တာဘာလဲဆိုတာ မင်းသိလောက်မယ်ထင်တယ်..."
Hanneul မျက်ရည်စများနှင့် ဘာပြန်ပြောကာ ဘာလုပ်ရမှန်းတောင်မသိတော့..။
ဟုတ်ကော ဟုတ်နိုင်ပါ့မလား။ ငါက လူလေ။ ဘာလို့ Jungkook ရဲ့ mate ဖြစ်နိုင်မှာလဲ..?
" ငါ..မယုံဘူး..."
Hanneul ခေါင်းခါကာ Jungkook ၏လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။
" ငါ့ကို အိမိပြန်ပို့ပေး...ငါ အိမ်ပြန်ချင်တယ်..."
" ဒါပေမယ့်...Hanneul...မင်းရဲ့ ကျန်းမားရေးမှ ပြန်မကောင်းသေးတာ.."
" ဟင့်အင်း...ငါ အိမ်ပြန်ချင်တယ်..။ အိမ်ရောက်မှ သက်သာမှာ..။ Jungkook ငါ့ကို အိမ်ပြန်ပို့ပေးပါ..."
Jungkook ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းသာချကာ အရှုံးပေးလိုက်ရသည်။
_
" Namjoon မင်း ဟာက ဟုတ်ရဲ့လား...? သူ့ကိုကော ယုံကြည့်လို့ရပါ့မလား?"
Seokjin က Namjoon ယူလာသော စာရွက်အားကြည့်ပြီး မယုံသင်္ကာဖြင့် မေးနေလေသည်။
Namjoon သည် ထယ့်အတွက် ကုပေးနိုင်လောက်မည့်ဆရာဝန်များ သို့မဟုတ် အထူးပုဂ္ဂိုလ်များအား သွားရှာခဲ့ရာ စုန်းမတစ်ယောက်နှင့် တွေ့ခဲ့လေသည်။
ထို စုန်းမက ကူညီနိုင်သည်ဟူ၍ ဆေးကျိုရန် လိုအပ်သည့်ပစ္စည်းများအား စာရင်းရေးပေးလိုက်သည်။
" အများစုကတော့ ငါတို့ရှာနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့တွေက ရှာရလွယ်တယ်။ ဒါပေမယ့် ရဖို့ အချိန်ကြာတယ်....Namjoon မင်းသူ့ကို ထယ့်မှာ အကြာကြီး အချိန်မရှိတော့ဘူးလို့ မပြောခဲ့ဘူးလား?"
ထိုအချိန် Namjoon မှ...
" ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် သူက ထယ်လေး အချိန်နောက်ကျသွားရင်တောင် ကယ်တင်လို့ရနိုင်တဲ့ နည်းရှိတယ်တဲ့...လူတွေ ဖန်တီးထားတဲ့ အဆိပ်ဆိုပေမယ့် သူ ဖြေရှင်းနိုင်တယ်ပြောတာဘဲ...ဘာဘဲဖြစ်ဖြစ် ထယ်က ငါတို့တွေထဲက တစ်ယောက်မို့လို့ လူတွေကုသလို ကုလို့မှမရတာ.."
YOU ARE READING
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019