" အဖေ....ဘာ-ဘာလုပ်နေတာလဲ..."
အားနည်းနေသော ဝံပုလွေအား သံဘောင်ထဲမှထုတ်ယူကာ ကြိုးနှင့်တုပ်နေသော အဖေဖြစ်သူအား တွေ့လေတော့ သူမ ကြောက်ရွံ့ကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။
" အော်...သမီး...ကျောင်းသွားတော့လေ..."
" ဟင့်အင်း။ အဖေ သူ့ကို ဘာတွေလုပ်တော့မလို့လဲ..."
တုန်ယင်နေသော အသံများကြောင့် သူမ စိုးရိမ်ထိတ်လန့်နေသည်ကို အဖေက သိလိုက်ပါသည်။
" သမီး ကိစ္စမဟုတ်ပါဘူး...ဘာလို့ ဒီလောက် တုန်ယင်နေတာလဲ သမီး...."
အဖေက မျက်ခုံးများ တွန့်ချိုးကာ သူမ၏ ပုခုံးများအား ဆုပ်ကိုင်လိုက်သည်။
" သူ...သူ့ကို သတ်တော့မှာလားဟင်..."
မျက်ရည်များလဲ့နေသော သူမ၏ မျက်ဝန်းများအား ကြည့်ကာ အဖေက ဘာမှစိတ်မပူနဲ့ ဟူသော အပြုံးအားပြုံးပြသည်။
" မသတ်ပါဘူး...ဘာလို့ သတ်ရမှာလဲ....ဒီအတိုင်း တစ်ခုခုကျွေးမလို့ပါ..."
သူမ စိတ်အနည်းငယ် သက်သာသွားသည်။
" ကတိပေးပါ.."
" အင်း ကတိပေးတယ်။...ရပြီလား.."
သူမ အဖေ့အား သဲ့သဲ့လေး ပြုံးပြကာ လွယ်အိတ်ကြိုးလေးအား ဆုပ်ကိုင်ရင်း ကျောင်းသို့ ထွက်ခွာသွားလေတော့သည်။
ကျန်ရစ်ခဲ့သော အဖေ့၏ မျက်နှာမှာ ပြုံးနေရင်းမှ ချက်ချင်းပြန်တည်သွားသည်ကို သူမ တွေ့ခဲ့မည်ဆိုလျှင်.....
' ဒါတွေအကုန် သမီးအတွက်ပါ..။ သမီး အရင်နေ့တွေက ဒီအကောင်နဲ့ နီးနီးကပ်ကပ်ရှိနေတာ အဖေမသိဘူးများ ထင်နေလားကွယ်..။ သူ သမီးကို မကိုက်စားခင် အဖေ ကြိုတင် ကာကွယ်လိုက်တဲ့သဘောပါ..။ အဖေ..သူ့ကို သတ်မှဖြစ်မယ်..'
•~•~•~•~•
အိပ်ရေးပျက်သည်မှာ ကြာခဲ့၍ ကိုယ့်ကိုယ်ကိုယ်ပင် မသိလိုက် အလုပ်လုပ်နေရင်း စားပွဲပေါ် အိပ်ပျော်မိသွားသည်။
' Seokjin Hyung!!!! ကျွန်တော့်ကို လာကယ်ပါ...ကျွန်တော် သေရတော့မယ်..!"
ထို့နောက် စူးစူးဝါးဝါး အော်သံတစ်ခုကြောင့် Seokjin အိပ်ပျော်နေရာမှ ကယောင်ကတမ်းဖြစ်ကာ နိုးလာတော့သည်။
ESTÁS LEYENDO
ധ๏ℓՔ / jjк [✔]
Fanficᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019