" Jungkook...!"
လက်ထဲတွင် သွေးများနှင့်မေ့လျောနေသော ကောင်မလေးအား ပွေ့ချီရင်း အိမ်ထဲဝင်လာသော Jungkook အား တွေ့တွေ့ချင်း Namjoon , suga နှင့် Jin တို့စုရုံးလာကြသည်။
Jimin ကတော့ Tae ၏လက်လေးအား ကိုင်လျက်နှင့်ပင် အိပ်မောကျသွားလေပြီမို့...။
" မင်း လက်ထဲကသူက ဘယ်သူလဲ?"
Namjoon က မရင်းနှီးသော မျက်နှာအားတွေ့၍ မေးလေသည်။ ထိုအချိန် Suga က..
" အဲ့ဒီတုန်းက ကောင်မလေးဘဲ...ဒါနဲ့သူက ဘာလို့ သွေးတွေထွက်နေတာလဲ...."
" Lee Hanneul ?"
Seokjin က သူ၏ကျောင်းသူတစ်ယောက်မို့ မှတ်မိသွားသည်။
ထိုအခါမှ Namjoon က..
" သူက...မင်း ဟိုတစ်ခါတုန်းကလည်း အိမ်ခေါ်လာခဲ့ဖူးတဲ့ တစ်ယောက်လား..."
Jungkook မျက်နှာမှာ ဖြူဖတ်ဖြူရော်နှင့် မျက်လုံးများက နီရဲနေသည်။
" Jungkook...ဘာဖြစ်လာတာလဲ? သူက ဘာလို့ ဒီလောက် သွေးထွက်နေရတာလဲ.."
Suga ၏အမေးကြောင့် Jungkook suga အား ကြည့်လိုက်သည်။ အကြည့်တွေကတော့ တစ်ခုခုအား အကူအညီတောင်းနေသလို တစ်ဖန် မျက်ရည်များဝဲလာသည်။
သူထပ်မစဉ်းစားချင်ပါ..။ သူ့ကို ဒီလောက်နာကျင်စေခဲ့မိတဲ့အကြောင်း ထပ်တွေးမိဖို့တောင် ကြောက်သည်။
သူ ဘာစကားမှမပြောဘဲ သူမနှင့်အတူ သူ၏အခန်းသို့တက်သွားသည်။
" Jungkook!! ..."
Jungkook နောက်အား လိုက်သွားရန်ပြင်နေသော Namjoon အား Seokjin ကတားလိုက်သည်။
" နည်းနည်းစောင့်ပြီးမှ စကားသွားပြန်ပြောကြည့်ရအောင်..."
•~•~•~•~•
အဝတ်စတစ်ခုအား ရေစွတ်ကာ သူမ၏ သွေးထွက်နေသော နေရာများအား လိုက်သုတ်ပေးနေရင်း ငိုနေမိသည်။
တစ်ခါမှ မကြုံဖူးသေးသော အရာတစ်ခုလည်းဖြစ်သည်မို့ သူ့ကိုယ်သူလည်း စိတ်မချနိုင်တော့။
ဖြစ်နိုင်ရင် သူမအား ထပ်မထိခိုက်မိဖို့ အဝေးဆုံးကို ထွက်သွားလိုက်ချင်သည်။ ဒါပေမယ့် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ?
STAI LEGGENDO
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019