ချစ်​လှစွာ​သော -၁

10.1K 245 16
                                    

ရန်​ကုန်​မြို့  ပြရဲ့ မနက်​ပိုင်းအချိန်​/တစ်​နည်း ရုံးတတ်​ချိန်​တွင်​ ပြည်​လမ်းမ​ပေါ် ​တွင်​ ကားပိတ်​လျက်​ရှိသည်​။ စီတန်း​နေ​သောကား​ပေါင်းများစွာထဲက အမျိုး အစား​ကောင်းမွန်​လှ​သောကားတစ်​စီးလည်းရှိသည်​။
မနက်​ ၈ နာရီ ခွဲရဲ့ ​နေမင်း​အောက်​တွင်​ထိုကားအနက်​​သည်​ ထည်​ဝါစွာရှိ​နေသည်​။ ​ပေါ်လစ်​တင်​ထားသည့်​ထိုကားတစ်​စီးသည်​ ဖုန်​တစ်​စက်​​တောင်​မရှိမှုက ကား၏ ဝင်​​ပြောင်​​နေမှုကို ဂုဏ်​ဆာ​နေကာ ယဉ်​​မောင်းသူ၏စည်းစနစ်​ရှိမှုကိုသာလွန်​စွာ​ဖော်​ကျူး ​နေပြန်​သည်​။
ယဉ်​​မောင်းသူသည်​ မြန်​မာဝတ်​စုံ လည်​ကတုံးနှင့်​ နက်​ပြာ​ရောင်​ကွက်​စိပ်​ပုဆိုး၊ ​ညှပ်​ဖိနပ်​ကို ဆင်​မြန်းထားသည်​။ သန့်​ရှင်းယဉ်​​မွန်​ပုံရ​ကာ ကားကိုကျွမ်းကျင်​စွာ​မောင်းတတ်​​သော အသက်​ ၃၅ နှစ်​ခန့်​ထိုအမျိုးသားသည်​ ယာဉ်​ပိုင်​ရှင်​မဟုတ်​ခဲ့​ပေ။

" ကားကပိတ်​လိုက်​တာ !!အစည်းအ​ဝေးက ကိုးနာရီစမှာ​နော်​ ကိုသက်​​ထွေး"

အမျိုးသမီးငယ်​ ၏ အသံသည်​ကား​နောက်​ခန်းထဲမှထွက်​​ပေါ်လာသည်​။
Laptop ​ပေါ်မှာ​ပြေးလွား​ကာအလုပ်​လုပ်​​နေသည့်​သူမလက်​​တွေကို
ခဏတာအနားယူရင်​ ယာဉ်​​မောင်းသူကိုသက်​​ထွေးအားလှမ်း​ပြောလိုက်​သည်​။

ယာဉ်​​မောင်းသူသည်​ ​နောက်​ကြည့်​မှန်​မှ ထိုအမျိုးသမီးကိုတစ်​ချက်​လှမ်းကြည့်​ရင်း​ပြောလိုက်​သည်​။

" မီပွိုင့်​က လွတ်​​တော့မှာပါ သူ​ဌေး။ ဒီ​နေရာကအမြဲအဲ့လိုပဲ"

"ကျွန်​မလည်းသူများကုမ္ပဏီကိုစာချုပ်​သွားချုပ်​ရမှာဆို​တော့​နောက်​မကျချင်​ဘူး။"

စကားအဆုံးတွင်​ ဆယ်​မိနစ်​​လောက်​ပိတ်​​နေ​သော ထို​ကားလမ်းမကြီးမှ လွတ်​လာသည်​။

................................................

Sky light Company  ​ရှိ အစည်းအ​ဝေးခန်း​တစ်​ခုထဲတွင်​ ကုမ္ပဏီ ပိုင်​ရှင်​ဖြစ်​ဟန်​တူ​သော အမျိုးသားကြီးနှင့်​ အမျိုးသမီးငယ်​တစ်​​ယောက်​ က ခုံရှည်​စား​ပွဲ ၏ ထိပ်​နှစ်​ဖက်​တွင်​ထိုင်​​နေသည်​။စားပွဲရှည်​၏ ညာဖက်​နှင့်​ဘယ်​ဘက်​တွင်​​တော့ ကုမ္ပဏီ ၏ ​ရှေ့​နေ အချို့ ၊ရှယ်​ယာရှင်​အချို့ထိုင်​​နေသည်​။

ချစ်​လှစွာ​သော Where stories live. Discover now