အပိုင်း ၆ တောဝက်ဝံ

3.3K 307 51
                                    

လင်းလက်ကြယ်ရဲ့ မျက်ဝန်းတွေက ဖျတ်ခနဲ ပွင့်လာပြီး
ရှက်ရမ်းရမ်းပါတော့သည်။

" ဖယ်စမ်း ! မျက်နှာမကိုင်နဲ့ မကြိုက်ဘူး "

သက်တန့်ရောင်ရဲ့ လက်ကို ဖတ်ခနဲ ရိုက်ချလိုက်ပြီး နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။
သက်တန့်ရောင် က ခနကြောင်သွားပေမယ့် ချက်ချင်း ကို မျက်နှာက မည်းမှောင်ပြီးတင်းမာသွားသည်။

" လေသံကို ပြင်လိုက် ။ ငါ့ကို အော်တာ မကြိုက်ဆုံးပဲ ။"

လင်းလက်ကြယ်က ရှက်ပြီး ပူရှိန်းရှိန်းဖြစ်သွားတာကြောင့်နှဖူးမှာ ချွေးစလေးတွေတောင် စို့နေတယ် ။ လင်းလက်က လက်ကို ယပ်တောင်လိုခပ်လိုက်ပြီးနော်။
မျက်လုံးကို အပေါ်ပင့်တင်လိုက်ရင်းခါးထောက်လိုက်ကာ။

" ဟား အံ့သြလိုက်တာ ။ ဘယ်သူက အရင် လာထိတာလဲ ။ အခု အော်နေတာ ခင်ဗျားလေ "

သက်တန့်ရောင်က ဒေါသကြောင့်မျက်နှာက နီမြန်းလာတယ် ။ လင်းလက်ကြယ်က ဝူးဝူးဝါးဝါး အော်နေတဲ့ တောဝက်ဝံ ဆိုရင်  သက်တန့်ရောင် က သေချာပေါက် ခုန်အုပ်တော့မယ့် တောဘုရင် ခြင်္သေ့ ပဲ ။

လင်းလက်ကြယ်က ခပ်စူးစူး ကြည့်နေတဲ့ သက်တန့်ရောင် ရဲ့ မျက်လုံးတွေကို ကြည့်ရင်း လည်ချောင်းရှင်းကာ။
ခါးထောက်ထားတာ ဖြုတ်လိုက်ပြီး။

"အဟမ်း... အဲ့တော့ ပြောချင်တာက ဖြေး ဖြေး လေး နိုးရင် အရမ်းကောင်းမှာပဲ လို့ပြောတာ ပါ ဟီးဟိး စိတ်လျော့ပါ လည်ပင်းထညစ်တော့မယ့်ပုံကြီးနဲ့ ။ "

သက်တန့်ရောင် က ပုံစံ အမျိုးမျိုး ပြောနေတဲ့လင်းလက်ကြယ်ကို မကြည်ကြည့် ကြည့်ရင်း  ဖြင့်။

" အခုသွားတော့ ဒေါ်ဒေါ်နွယ်ကို ထမင်းဝိုင်းကူပြင်ပေးလိုက်။ ငါရေချိုးပြီး ထွက်လာမယ်။ "

\\\ ဘာ! ထမင်းဝိုင်းပြင် ဟုတ်လား ? ငါပဲ စားမှာမို့လား
သူကောမစားမှာ ကျနေတာပဲ သူပဲ ဝင်ပြင်ပါလား သူတို့တစ်မျိုးလုံးပဲ ဝင်ပြင် ... ငါ့ကို ဟိုလိုလုပ် ဒီလိုလုပ်  ပြောနေတာများ သူ့ခြံထဲက ခွေးပေါက်ကျနေတာပဲ  လုံးဝပဲ ငါသည်းမခံနိုင်တော့ဘူး ///

ချစ်​လှစွာ​သော Where stories live. Discover now