စာဖတ်သူအားလုံးမင်္ဂလာပါရှင် ♥️ အခုတစ်လာ ခရီးတွေ ဆက်တိုက်ထွက်နေတာကြောင့်မို့ update ဖို့ လစ်ဟင်းခဲ့တာတွေ အတွက် ခွင့်လွှတ်ပေးကြပါနော်🥺
သတင်းကောင်းတစ်ခုကတော့ ချစ်လှစွာသောကို တစ်နေ့တစ်ပိုင်း
သို့မဟုတ် တစ်နေ့ကို နှစ်ပိုင်း up သွားမှာဖြစ်ပြီး
Vote လေးပေးဖို့ကတော့ စာဖတ်သူတို့ တာဝန်ပါနော်🙄🥺 ချစ်တယ်လေ နော့်🥺သတင်းဆိုးကတော့ "ချစ်လှစွာသော"ကို ဒီလကုန်မှာ အပြီးဇာတ်သိမ်းဖြစ်မှာ ဖြစ်ပါတယ် 💔
........................
ZawGyi Ver:
အပိုင်း ၁၂ တာဝန်ယူမှရတော့မယ်!သက်တန့်ရောင် ဟာ သားချော့တေးကို ဆိုရင်း အိပ်ပျော်သွားခဲ့ပေမယ့် လင်းလက်ကြယ် ကတော့ မနက် ငါးနာရီထိုးသည်အထိ မျက်လုံးပြူးကာ ရှိနေခဲ့ပါသည်။
မနက် ရှစ်နာရီထိုးမှာတော့ သက်တန့်ရောင် နိုးလာခဲ့သည်။
သူမ လက်မောင်းပေါ်မှ နွေးထွေးပြီး လေးပင်တဲ့ အရာတစ်ခုကို ခံစားမိလိုက်ရသည်။သူမ ငုံကြည့်မိလိုက်တဲ့အခါမှတော့ နှစ်ခြိုက်စွာ အိပ်မောကျနေရှာတဲ့လင်းလက်ကြယ်ပင်ဖြစ်သည်။
သူမ ထိုးကိုက်လာတဲ့ နားထင်ကို လက်ဖနှောင့် ဖြင့်ဖိလိုက်ကာ ခါယမ်းလိုက်မိသည်။ထို့နောက် သူမ ခေါင်းထဲမှ Alarm တွေ မြည်လာသလိုပင်ခံစားရသည်။ လင်းလက်ကြယ် က သူမ ရင်ခွင်ထဲကို ဘာကြောင့်ရောက်နေရသနည်း။
သူအတွေးများနေစဉ်မှာပင် .... သူမရင်ခွင်ထဲမှ ကလေးမလေးက လူးလွန့်လာတော့လေသည်။
ထိုအခါမှ သက်တန့်ရောင် သတိဝင်လာသည်။ သက်တန့်ရောင် က စကားနှိုက်ရန်ကြံလိုက်သည်။သက်တန့်ရောင်သည် မူးလျှင်သွေးဆိုးတတ်သော သူမအကျင့်ကို သူမသိသည်။"လင်းလက် ... ထတော့လေ မနက်စာစားပြီး ရန်ကုန်ပြန်ကြရမယ်လေ။"
လင်းလင်ကြယ်က သူမကို ကျောပေးလိုက်ကာ သူမရင်ခွင်ထဲမှ ထွက်ခွာသွားတော့သည်။
ထို့နောက် ..." သက်တန့်ညကလုပ်လို့ လင်းမနက်ကမှ အိပ်ပျော်တာ ကိုယ်တွေလက်တွေလဲ နာနေတယ် ..."
BẠN ĐANG ĐỌC
ချစ်လှစွာသော
Viễn tưởngသက်တန့်ရောင်သည် မိန်းမသားဖြစ်သော်လည်းထက်မြက်ပြီးရင့်ကျက်ကာလုပ်ငန်းတစ်ခုကိုဦးဆောင်နေသူ.... လင်းလက်ကြယ် ဆိုတဲ့မိန်းကလေးကတော့ လွတ်လွတ်လပ်လပ် နေကာကလေးဆန်လွန်းသူ..ပေါ့ပေါ့တန်တန် နေသူတစ်ယောက်.. လင်းလက်ကြယ်ရဲ့...