ချစ်​လှစွာ​သော-၂

3.4K 191 5
                                    

ရက်​သတ္တပတ်​ရဲ့ ပိတ်​ရက်​ဖြစ်​​သော တနင်္ဂ​နွေ ​နေ့ ။ သက်​တန့်​ တို့ကုမ္ပဏီက တနင်္ဂ​နွေ တစ်ရက်​သာပိတ်​ရက်​အဖြစ်​တည်​ရှိသည်​။ အဲ့လို ပိတ်​ရက်​မျိုး တွင်​ ဝန်​ထမ်း အများစုက မိသားစုနှင့်​ အိမ်​တွင်​ထမင်းလက်​ဆုံစားချင်​စားမည်​၊ သားသမီး ရှိမည့်​ အိမ်​အချို့က မိသားစုကိုအချိန်​​ပေးကာ ပန်းခြံ ၊ ဘုရားစသည်​ဖြင့်​လည်​ပတ်​ချင်​လည်​ပတ်​မည်​။ ​​​လူငယ်ရုံးဝန်ထမ်း​​​အချို့က ကိုယ့်​ချစ်​သူ၊ အ​ပေါင်းအသင်းများနှင့်​လည်းလည်​ပတ်​​ကောင်းလည်​ပတ်​လိမ့်​မယ်​။ နားနား​နေ​နေအနားယူသူကလည်း ​နေလိမ့်​မယ်​။ ​စ​နေ၊ တနင်္ဂ​နွေ ပိတ်​ရက်​မျိုး​တွေသည်​ ရုံးဝန်​ထမ်းတို့အတွက်​ နိဗ္ဗာန်​ဘုံ ​နေ့ရက်​တို့အဖြစ်​တည်​ရှိ​ကောင်းတည်​ရှိလိမ့်​မည်​။ သက်​တန့်​​ရောင်​ လည်းထိုနည်းတူပင်​။

ပုံမှန်​ရက်​မျိုးတွင်​ မနက်​​ခြောက်​နာရီထ​လေ့ရှိ​သောသူမက မနက်​ ၇နာရီတွင်​မှ ထသည်​။ အိပ်​ရာကနိုးတိုင်း​ရေတန်းချိုး​လေ့ရှိ​သောသူမက ​ရေအရင်​ချိုးသည်​။ပြီးလျှင်​ ထို​နေ့အတွက်​မနက်​စာကို ထမင်းစားခန်းထဲတွင်​ ပုံမှန်​ကြားရက်​​နေ့များလိုကျကျနန ထိုင်​မစားဘဲ ​အိမ်​အကူအ​ဒေါ်ကြီး​ဖျော်​​ပေးထား​သော သူမအကြိုက်​ ​ကော်​ဖီခါးခါး တစ်​ခွက်​ကိုသာ ယူ၍ စာဖတ်​ခန်းဆီသို့ ​သေချာ​ပေါက်​ဦးတည်​ကာသွားလိမ့်​မည်​။
ထို​နေ့တွင်​ သူမက ​အလုပ်​အားလုံးကိုပစ်​ထားလိမ့်​မယ်​ ။ ထို့​နောက်​စာအုပ်​တစ်​အုပ်​ကို ​သေချာထိုင်​ဖတ်​ရင်း ​နေ့လည်​စာစားချိန်​​လောက်​မှပြန်​ထွက်​လာလိမ့်​မည်​။တစ်​ခါတစ်​​လေ ​မေ့​လျော့​နေတက်​သည့်​အခါမျိုး တွင်​ အ​ဒေါ်ကြီးမှသူမအား​နေ့လည်​စာ စားရန်​သတိ​ပေးရ​သောအခါမျိုးလည်းရှိသည်​။

.........................................

မနက်​၁၀နာရီအချိန်​တွင်​​တော့ သက်​တန့်​​ရောင်​၏ ငြိမ်းချမ်းခြင်းကိုဖျက်​စီးမယ့်​လူအချို့က သူမဆီကို​ရောက်​ရှိလာပြီ။
မနက်​စာစားရန်​အတွက်​ သက်​တန့်​​ရောင်​ စာဖတ်​ခန်းထဲမှ ထွက်​လာချိန်​တွင်​ လူ​ခေါ်ဘဲလ်​သံက တိုက်​ဆိုင်​စွာထွက်​​ပေါ်လာသည်​။ မီးဖိုခန်းထဲ မှ သက်​တန့်​ ထမင်းစားရန်​ ပြင်​ဆင်​​နေ​သော အ​ဒေါ်ကြီးက ​အေပရွန်​ကြီးဝတ်​လျက်​ထွက်​လာကာ ပြာသလဲလဲ တံခါးသွားဖွင့်​သည်​။

ချစ်​လှစွာ​သော Donde viven las historias. Descúbrelo ahora