အတော်ကိုပျင်းစရာကောင်းတယ် ...
ဒေါ် နွယ်က ပျင်းရင်စာဖတ်ဖို့ပြောတယ်။ သို့ပေမယ့် သူမကစာအုပ်တွေကိုစိတ်မဝင်စား။ စာအုပ်နဲ့ထိလို့မရဘူး။ အလက်ဂျစ်ရှိလို့ပါ..ဒါဆို ဟုတ်ပြီ။ TV ကြည့်ရသည်လည်း ပျင်းလာပြီ။ သူမ ဒီအိမ်မှာ နေတာ နှစ်ရက်ပဲရှိသေးတယ် ။ ပျင်းလွန်းလို့အရိုးမြေကျတော့မယ်။
အိမ်မှာဆို မနက်၉လောက်ကတည်းက ဒရိုင်ဘာဦးလေးကြီးနဲ့ ဟိုသွားဒီသွား။ ငါလေးကအစားတစ်လိုင်းတစ်ယောက်ပါနော်။
အခုတော့ခြေ ချုပ်ကျနေချက်ကမြင်မကောင်း။ဒေါ် နွယ်တစ်ယောက် ကတော့ လင်းလက်ကြယ်ကို မသိမသာရော သိသိသာသာရော လာလာချောင်းကြည့် ကာစောင့်ကြည့်နေလေရဲ့။အဲ့ကလေးမရယ်လည်း ..အင်း .. ဆိုဖာခုံမှာထိုင်နေတာက ဆူပုတ်နေတာပဲ။ ခပ်ပါးပါးနှုတ်ခမ်းလေးကိုထော်ထားရှာတယ်။ တွန့်လိမ်ပြီးအိပ်လိုက်ထလိုက်ကြောင့် ခေါင်းလေးလည်းဆုတ်ဖွာနေတော့တာပဲ။
အဲ့ပုံလေးကိုကြည့်ပြီး ရယ်မောမိရ။နေ့လည် ၁နာရီခွဲလောက်မှာ သက်တန့်ရောင်ဟာ ထမင်းစားဖို့အိမ်ကိုပြန်ရောက်လာတယ်။ အဲ့ချိန်သူမက ဆိုဖာလေးပေါ်မှာ ခွေခွေလေးအိပ်နေလေရဲ့။
ဒေါ် ဒေါ်နွယ်ဟာ သက်တန့်ကိုကြည့်ပြီး ပြုံးကာစကားစလေရဲ့။
"ပြန်လာပြီလားမမလေး။ ဒေါ်နွယ်နိုးလိုက်မယ်။ ထမင်းစားလို့ရပြီနော် အဆင်သင့်ပဲ.."
"အင်း"
သက်တန့်ရောင်က ပန်းနုရောင်နှုတ်ခမ်းလေးကိုထော်ပြီး အိပ်နေတဲ့သူမလေးကို တစ်ချက်လေး မတ်တပ်ရပ်ကြည့်တယ်။ ပြီးနောက်မှာ အေးအေးဆေးဆေးနဲ့ပဲ ထမင်းစားခန်းထဲကိုဝင်သွားရဲ့။ ဘေစင်က ရေသံကို ကြားပြီးတဲ့နောက်မှာတော့ ဒေါ်နွယ်ဟာ လင်းလက်ကြယ်ရဲ့ လက်မောင်းလေးကိုခပ်ဖွဖွလေးဆွဲယမ်းလိုက်တယ်။
VOCÊ ESTÁ LENDO
ချစ်လှစွာသော
Fantasiaသက်တန့်ရောင်သည် မိန်းမသားဖြစ်သော်လည်းထက်မြက်ပြီးရင့်ကျက်ကာလုပ်ငန်းတစ်ခုကိုဦးဆောင်နေသူ.... လင်းလက်ကြယ် ဆိုတဲ့မိန်းကလေးကတော့ လွတ်လွတ်လပ်လပ် နေကာကလေးဆန်လွန်းသူ..ပေါ့ပေါ့တန်တန် နေသူတစ်ယောက်.. လင်းလက်ကြယ်ရဲ့...