အပိုင်း ၁၃ စတော်ဘယ်ရီရေခဲမုန့်

2.1K 252 30
                                    

ZawGyi Ver:::

အပိုင်း ၁၃ စတော်ဘယ်ရီရေခဲမုန့်

ကားလေးက အမှတ်၂ လမ်းမပေါ် တစ်ရွေ့ရွေ့ သွားလျက်ရှိသည်
။ ထို့နောက် မြို့ပြထဲသို့ပြန်ဝင်လာကာ ယာဉ်ကြောပိတ်ဆို့မှု၏ ပြသနာကို စတင်ခံစားရတော့လေသည်။
သူတို့ ပဲခူးမှ သုံးနာရီလောက်ကထွက်ခဲ့သည်ဖြစ်၍ ရန်ကုန်ပြန်ရောက်တဲ့ အချိန်ကညနေ ငါးနာရီကျော်လောက်ဖြစ်နေလေ၏။

"ဘာစားမလဲ ညနေ ? "

သက်တန့်ရောင်က မေးလိုက်တဲ့အခါ လင်းလက်ကြယ်က ဖုန်းကြည့်နေရင်းမှ မော့ကြည့်လာ၏။

" ရတယ် ဘာပဲဖြစ်ဖြစ်။ ဒါပေမယ့် ကော်ရည်ခေါက်ဆွဲစားချင်တယ်။"

"Ok! "

ကားအတော်အတန်မောင်းပြီးနောက်မှာ city mart ကို သူတို့ရောက်လာခဲ့တယ်။ car parking ထိုးပြီးနောက် ...

"သက်တန့် ကော်ဖီသောက်မလို့လား?"

"အင်း ဈေးဝယ်မလို့!"

အမေးတစ်ခြား အဖြေတခြားနဲ့ သူတို့နှစ်ဦးကြားက လေတိုးသံတို့က တစ်ဖန်ပြန်၍ တိတ်ဆိတ်လျက်ရှိနေတော့သည်သာ။
သက်တန့်ရောင်က ခြင်းတောင်းတစ်ခုကို ယူလိုက်တယ် ။
ထို့နောက် အသီးအရွက်တန်းဘက်ကို အရင်ဝင်ကာ လိုအပ်သည်များကိုယူသည်။ ထို့နောက် အသီးအနှံတစ်ချို့ကိုလဲ ဝယ်သည်။
လင်းလက်ကြယ်ကတော့ အမေနဲ့ဈေးလိုက်ဝယ်တဲ့ကလေးပေါက်စလေးသကဲ့သို့ သူမဝယ်သမျှကို သာကြည့်နေသည်။
ထို့နောက် လင်းလက်ကြယ်က မေးလာ၏။

"သက်တန့် က ဟင်းချက်တတ်တာလား?"

သက်တန့်ရောင် သည် သူမ၏ အမေးစကားအား နှာခေါင်းရှုံလျက်ဖြေသည်။

" ငါ့ကို မင်းလို ထင်လို့လား?ဟင် ...ပြောစမ်းပါဦး "

ထိုအခါတွင် လင်းလက်ကြယ်က စပ်ဖြီးဖြီးရယ်ပြလာကာ လက်လေးနှစ်ဖက်ကို နောက်ပစ်ကာ နေလေသည်။
ဂျုံ ခေါက်ဆွဲ စီးများပါ ဝယ်သည့်အခါမှာတော့ လင်းလက်ကြယ်၏ မျက်ဝန်းကလေးများက ဝိုင်းစက်လာကာ ။

ချစ်​လှစွာ​သော Donde viven las historias. Descúbrelo ahora