အပိုင်း.၅ အရှက်မဲ့တာ

2.6K 197 21
                                    

လင်းလက်ကြယ်တစ်ယောက် မယုံနိုင်။ ဘယ်လိုလူတစ်ယောက်က ဒီလောက်ထိ ဇီဇာကြောင်နိုင်တာတုန်း။  တဆိတ်လောက်! ဒါက ဇီဇာကြောင်တာမဟုတ်ဘူး။ဒါ ငါလေးကို သက်သက်မဲ့ နှိပ်ကွပ် နေတာ ဖြစ်နေပြီ ထင်တယ်နော်... အကြည့်တွေကိုက ငါ့ကို မကြည်ကြည့်နဲ့ လင်းလက်ကြယ်တို့ကလဲ ဘယ်သူက ဘာဆိုတာ သိပြီးသား.. သူမလေး အိမ်လာကတည်းက သက်တန့်ရောင် က အောင့်သက်သက် နဲ့လက်ခံလိုက်ရတယ် ဆိုတဲ့ သဘောမျိုးကို ရိပ်ဖမ်းသံဖမ်း ဖြစ်မိပြီးသားပါ။

ဒေါ်နွယ်ဟာ ဆိုဖာပေါ်ထိုင်ရင်း မျက်မှောင်ကြီးကြုတ်ပြီး တစ်ခုခုကို အသဲ အသန် စဉ်းစားနေပုံပေါ်သည့်လင်းလက်ကြယ် ကို ဖုန်စုပ်စက် နဲ့ အလုပ်ရှုပ်နေရင်းတစ်ချကကြည့်မိသည်။ သူမ ရှေ့က ခုံမှာလဲ စာရွက်စာတမ်း တစ်ခုဖြစ်ဟန်တူသည်။ သူမ ငေးကောင်းတုန်း သက်တန့်ရောင်က စာဖတ်ခန်းထဲ မှ ထွက်လာသည်။

သက်တန့်ရောင်လက်ထဲ တွင် ကားသော့နှင့် ယောကျာ်းကိုင်ပိုက်ဆံအိတ်တစ်လုံး ၊ ထို့နောက် ဖုန်း ။

" ဒေါ်နွယ် သက်တန့်ဒီနေ့ ခြောက်နာရီလောက်ပြန်ရောက်မယ်.  သန့်ရှင်းရေးလုပ်ရင် သက်တန့်ကို အိပ် ရာခင်းတွေ လဲ ထားပေးပါ ပြီးတော့ စာဖတ်ခန်းထဲက အမှိုက်တွေကောပဲ ရှင်းပေးနော် ဒေါ်ဒေါ် စာအုပ်တွေက ဒီတိုင်းထားလိုက် သက်တန့်ရှင်းမယ် ။"

" ဟုတ် မမလေး။"

ဒေါ်နွယ်ကို မှာစရာရှိတိုင်းမှာပြီး သက်တန့်ရောင် က လင်းလက်ကြယ်ကို ကြည့်ပြီး ။

" ကလေးမ ညနေ ငါးနာရီဆိုတာနဲ့ ရေချိုးထားနော် "

ပြောချင်းတိုင်းပြောပြီးထွက်သွားတဲ့ သက်တန့်ရောင် ကို ဆွဲကုတ်ချင်တာ ဟာဆိုရင်လေ ။

" ဘာ ! ငါးနာရီ ရေချိုး ဟုတ်လား ။ အချိန်နဲ့ရေ ချိုးရအောင် လင်းလက် က ကလေးလား .!!!"

အာပြဲ သံနဲ့ အော်သံအဆုံးမှာတော့ ဒေါ်နွယ်က ပြုံးရင်းခေါင်းယမ်းကာ အိပ်ရာခင်းလဲဖို့သက်တန့်ရောင်အခန်းထဲ ဝင်လိုက်တယ် ။ အဲ့လို အာပြဲ သံကို ဓာတ်လှေကားထဲ မှာရှိတဲ့ သက်တန့်ရောင် သာကြားခဲ့မယ်ဆိုရင်တော့ဖြင့်...

ချစ်​လှစွာ​သော Wo Geschichten leben. Entdecke jetzt