အပိုင်း ၁၀ ပျော်ရွှင်စရာခရီး ၁

2.6K 253 40
                                    

လင်းလက်ကြယ် တို့တွေ ညက အတော်ကြာတဲ့ အထိ အပြင်မှာ အချိန်ဖြုန်းခဲ့ကြတယ် ။ သူတို့ညစာစားပြီး အိမ်ပြန်တော့ မနက် ၂ နာရီတောင် ထိုးလုပြီ။

..... သူမှတ်မိလိုက်တာက ကားပေါ်မှာ အိပ်ပျော်သွားတာပါ။
ဘယ်လို ဖြစ်လို့ ကိုယ့်အိပ်ရာပေါ်ကိုယ်ပြန်ရောက်နေရတာလဲ။

ကိုယ့်အတွေးကြောထဲ ကိုယ်မျောနေတုန်း တံခါးခေါက်သံနှင့်အတူ
သူ့အခန်းတံခါးက ပွင့်လာတယ် ။ သက်တန့်ရောင်က ပွယောင်းယောင်းဘောင်းဘီ အနက်နဲ့ အတူ တီရှပ် အညိုရောင်ပေါ်မှာ ဂျင်းအကျီလက်ရှည် ထပ်ဝတ်ထားရင်း သူမကို စိုက်ကြည့်လာတယ်။ သူမ ပုံစံက တစ်နေရာသွားဖို့ အဆင်သင့်ဖြစ်နေဟန် ဖြစ်ငြားသော်လည်း လင်းလက်ကြယ်က မေးမြန်းဖို့ မတွေးဘဲ သူမသိလိုတာကို အရင်မေးလိုက်တယ်။

" သက်တန့် ? ညက လင်းကိုချီလာတာလား? "

သက်တန့်ရောင်က ကျောရိုးမပါတဲ့ သတ္တဝါ လို တံခါးဘောင်ကို ပျင်းတိပျင်းရွဲ မှီရင်း ။

" ညက ငါ နှိုးတာကို မထတာ ဘယ်သူလဲ ။ တကယ်ပါပဲ .. ကလေးလဲ မဟုတ်ဘူး ။ "

အမှန်ပါပင် ... လင်းလက်ကြယ်က ညဘက်တရေးတောင် မနိုးတတ်တဲ့ လူစားမျိုးပင်။ အိပ်ပျော်ရင်လဲ တစ်ချိုးတည်း အိပ်တတ်တဲ့ လူစား။ သူမကို နိုးတာကိုတောင် မသိတာကိုပဲ ကြည့်တော့လေ။

လင်းလက်ကြယ်က သူမရဲ့ခေါင်းကို ခပ်ဖွဖွလေးကုပ်ရင်း သွားဖြဲကာ ရယ်ပြလာသည်။

" ဟေး .... မြန်မြန် ရေချိုးတော့ ... ပဲခူးကို နေ့ချင်းပြန်သွားမယ် ... မင်းမွေနေ့ ရက်ကို ပျင်းစရာကောင်းအောင်မဖြတ်သန်းရအောင် ငါကူညီပေးမယ် ...၊"

ခရီးသွားရမယ် ဆိုတဲ့ စကားကို ကြားရတဲ့နောက်မှာ ...ခုတင်ပေါ်ထိုင်နေတဲ့ လင်းလက်ကြယ်က အငွေ့လို ပျောက်ကွယ်သွားရင်း ရေချိုးခန်းထဲကိုခပ်မြန်မြန်ကို ပြေးဝင်သွားတော့သည်။

လင်းလက်ကြယ် ရေချိုးခန်းထဲက ထွက်လာတဲ့အခါမှာတော့ သေသေသပ်သပ် ခေါက်ထားကာ ဖြန့်ထားတဲ့ သူမရဲ့ အိပ်ရာ ကို မြင်လိုက်ရတော့သည် ။

............................

ကားပါကင်က ကားမထွက်ခင်မှာ လင်းလက်ကြယ်ကို သက်တန့်ရောင်က ပန်းရောင် လေးထောင့်သဏ္ဌာန်ရှိတဲ့ ဖဲကြိုးလေးသိုင်းထားတဲ့လေးထောင့်ဗူးလေး ကမ်းပေးလိုက်သည်။ ဒါက ကြည့်လိုက်ရုံနဲ့တင် မွေနေ့လက်ဆောင်မှန်းသိသာနေသည်။

ချစ်​လှစွာ​သော Donde viven las historias. Descúbrelo ahora