လင်းလက်ကြယ်ရဲ့ နှလုံးသားထဲမှာ ဒီမိန်းမကို တော်တော် မျက်စိ ဆံပင်မွှေးစူးမိနေသည်။
ထမင်းစားပြီး ကန်တင်းမှ အပြန်လဲ လမ်းတွင် သက်တန့်ရောင်နားကပ်ကာ တီတီတွတ် ပြောရင်း ပါးစပ်လေးကိုလက်လေးနှင့်အုပ်ကာ ဖြင့် ရယ်မောနေသည်။
လင်းလက်ကြယ်က တော့ နောက်မှ တစ်ယောက်တည်း ခပ်စိတ်စိတ် လမ်းလျှောက်လာ သည်ကို ဘေးမှကြည့်လျှင် မြင်နိုင်သည်။
..........................................
လင်းလက်ကြယ်က ဆူပုတ်ပုတ်လေးနှင့် ဆိုဖာပေါ်ထိုင်ရင်း ဖုန်းကြည့်နေသည်ကို အလုပ်စားပွဲမှ နေရင်း သက်တန့်ရောင် ခိုးခိုးကြည့်မိနေသည်။
ကန်တင်းမှ ပြန်လာကတည်းက ဖုန်းကို ကြည့်ပြီး ဆူပုတ်ပုတ်နှင့်။
* ဒီကလေးမလေး ရည်းစားပူမိနေတာလား * ဟု သက်တန့်ရောင် စိတ်ထဲမှ တွေးမိသည်။ တကယ်သာရှိသည် ဆို သူမဘက်မှ တားဆီးရန် လိုအပ်သည် ။သူ့အိမ်မှာနေတဲ့ အတောအတွင်း သူတာဝန်ယူထားတာ ဖြစ်၍ ဒီကလေးမလေးကို သူအုပ်ထိန်းရန်လိုအပ်လေသည်။
သူအတွေးထဲမျှောနေစဉ် ဖုန်းက တုန်လာသဖြင့် ကြည့်မိလိုက်သည်။ မက်ဆေ့ခ်ျတစ်ခုဝင်နေသည်ကို သူမြင်လိုက်ရသည်။ အဲ့စာကြောင့် သူအံ့သြမိပြီး တစ်ဆက်ထဲ ပြုံးလိုက်ရင်း လိုအပ်တာတွေပြင်ဆင်ဖို့အတွက် တစ်စုံတစ်ယောက်ဆီဖုန်းခေါ်လိုက်သည်။
ဖုန်းပြောရန် အပြင်ထွက်သွားသော သက်တန့်ရောင်အား ကြည့်ရင်း လင်းလက်ကြယ် နှာခေါင်းရှုံမိသည်။
*အားနေ အပြင်ပဲထွက်ချင်နေတယ်။ ထွက်မှာပေါ့ အပြင်မှာက ဟိုမိန်းမက ရှိနေတာကိုး ဟွန်း *
......................
ညနေ ရုံးဆင်းချိန်ရောက်လာတဲ့အခါမှာတော့ သက်တန့်ရောင်သူ့အလုပ်တွေကို လက်စသတ်လိုက်ရင်း သူ့အကျီကို သေသေသပ်သပ်ဖြစ်အောင်ဆွဲချလိုက်သည်။
ဆိုဖာကို လှမ်းကြည့်မိတော့ ကလေးမလေးက ကွေးကွေးလေး အိပ်နေလေသည်။ရင်ဘတ်ပေါ်မှာ ဖုန်းကို တင်ထားရင်း နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေရှာသည်။
သူမ သတိမထားမိခင်မှာတင် သဘောတကျ ပြုံးမိလိုက်ရင်း ထုံးစံအတိုင်း နှိုးရန်အတွက် ခြေလှမ်းတွေကို အသင့်ပြင်လိုက်သည်။
BẠN ĐANG ĐỌC
ချစ်လှစွာသော
Viễn tưởngသက်တန့်ရောင်သည် မိန်းမသားဖြစ်သော်လည်းထက်မြက်ပြီးရင့်ကျက်ကာလုပ်ငန်းတစ်ခုကိုဦးဆောင်နေသူ.... လင်းလက်ကြယ် ဆိုတဲ့မိန်းကလေးကတော့ လွတ်လွတ်လပ်လပ် နေကာကလေးဆန်လွန်းသူ..ပေါ့ပေါ့တန်တန် နေသူတစ်ယောက်.. လင်းလက်ကြယ်ရဲ့...