ZawGyi Ver:
အပိုင်း ၁၄ လေနုကြမ်းမျက်စိ ရှေ့က ကော်ဖီ အငွေ့တထောင်းထောင်းကို မျက်တောင်မခတ်မိလောက်အောင် ကြည့်မိနေသည်။ မနက်ခင်း ခပ်အေးအေးက ဂန္တဝင် ဆန်အောင် ငြိမ်သက်နေသော်ငြားလည်း သက်တန့်ရောင် ရဲ့ နှလုံးသားဟာ ဆယ်နှစ်ကြာမှ တစ်ကြိမ်ပြန်လည်ဗြောင်းဆန်နေခဲ့သည်။
သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း လက်ပတ်နာရီကို ငုံကြည့်မိသည့်အခါ ၆ နာရီခွဲ ။ တစ်ညလုံးလဲ တောင်တွေးလိုက်မြောက်တွေးလိုက်ဖြင့် သူမ နှလုံးသားထဲမှာ အချိန်အတော်ကြာ နေရာယူခဲ့သည့်လူတစ်ယောက် နှင့် လင်းလက်ကြယ်က လွန်ဆွဲနေခဲ့သည်။
သူမ စိတ်အခြေအနေကို ကော်ဖီခါးသက်သက်ဖြင့် ငြိမ်သိမ်စေလိုက်သည်။ထို့နောက် သူမ ခြေလှမ်းကြဲများဖြင့် ထိုကလေးမလေး၏
အခန်းတံခါးဝသို့ရောက်လာလေသည်။သူမ ခါးကို မတ်လိုက်ကာ အားတင်းရင်း အခန်းတံခါးခေါက်ရန် လက်လှမ်းလိုက်မိသည်။ ထိုအချိန်တွင် တံခါးက တစ်ဖက်မှ သူ့အလိုလိုပွင့်လာသည်။
" ဟို ... နိုးပြီ "
ခေါင်းကို ငုံထားကာ မရဲတရဲနှင့်ပြောလာလေသည်။ ခြေမလေးကို ကုတ်ထားကာ လက်လေးနှစ်ဖက်က တစ်ဖက်ကို တစ်ဖက် သိပ်သည်းစွာ ဆုပ်ကိုင်ထားသည်။
ဂျင်းဘောင်းဘီ အပြာနုဖျော့ဖျော့လေးနှင့် ရှပ်အကျီအဖြူ လွှလွှလေးကို ဝတ်ထားကာ။ အညိုရောင်ခပ်လွင်လွင် ဆံသားပျော့ပျော့လေးတွေဟာ သူမ လည်ပင်းနားမှာ ကလူကာ ကျီစယ်လို့နေသည်။
သက်တန့်ရောင် ငေးမောနေရာမှ။" အင်း .. ပြီးရော မနက်စာ လာစားလေ ။ ပြီးရင် သွားကြမယ်။ "
...........................
ကားဘရိတ်အုပ်သံ...
ကားစတီယာတိုင်၏ လည်ပတ်မှုနှုန်း....
ကားထဲမှ အမွှေးရနံ့...
လမ်းကွေ့လေးတွေ ...
သစ်ပင် ခပ်စိမ်းစိမ်းတွေ
မြက်ခင်း စိမ်းစိမ်းတွေ....
မြို့ပြရဲ့ ပြယုဂ် အဆောက်အအုံ ခပ်ကြီးကြီးတွေ...
ဖွင့်ထားတဲ့သီချင်းသံ ခပ်ညိမ့်ညိမ့်လေး ...
နှလုံးသား၏ လစ်ဟာနေမှုတွေ.....
မီးနီလေး....
အရာအားလုံးကို လင်းလက်ကြယ် လိုက်မှတ်နေမိသည်။
ESTÁS LEYENDO
ချစ်လှစွာသော
Fantasíaသက်တန့်ရောင်သည် မိန်းမသားဖြစ်သော်လည်းထက်မြက်ပြီးရင့်ကျက်ကာလုပ်ငန်းတစ်ခုကိုဦးဆောင်နေသူ.... လင်းလက်ကြယ် ဆိုတဲ့မိန်းကလေးကတော့ လွတ်လွတ်လပ်လပ် နေကာကလေးဆန်လွန်းသူ..ပေါ့ပေါ့တန်တန် နေသူတစ်ယောက်.. လင်းလက်ကြယ်ရဲ့...