အပိုင်း ၇( မင်းလေးကသူခိုးလေး)

2.5K 274 27
                                    

ကားပါကင်မှာ ကတည်းက ဒေါ်နွယ်ကို ဖုန်းဆက်ထားသည်မို့ သူမက တံခါးဖွင့်ထားကာ စိတ်ပူပန်စွာစောင့်နေရှာသည်။

လျှောက်လမ်းအဆုံးက ဓာတ်လှေကား အပွင့်မှာတော့ လင်းလက်လေးကို ချီထားတဲ့ သက်တန့်ရောင် ကို လှမ်းမြင်လိုက်ရသည်။

သက်တန့်ရောင်က ဒေါ်နွယ်ကို ဆေးသေတ္တာ ယူလာခိုင်းပြီး သူမက  လင်းလက်ကြယ်ကို ချီလျက် လင်းလက်ကြယ်အခန်းထဲ သို့သာတန်းဝင်သွားခဲ့သည်။
သက်တန့်ရောင် ရဲ့ ခပ်နွေးနွေး ရင်ခွင် ဆီကနေ အေးစက်နေတဲ့ အိပ်ရာပေါ် ချခံလိုက်ရတဲ့အခါ လင်းလက်ကြယ် က သူ့ရင်ထဲမှာ မတင်မကျခံစားလိုက်ရတယ်...

တစ်ဆက်တည်း မှာပဲ သူမ မျက်မှောင်ကုတ်လိုက်တယ်။
သက်တန့်ရောင် က ချက်ချင်းဆိုသလိုပဲ သူမ အမူအရာအား လှမ်းကြည့်ရင်း...

" ဘာလို့လဲ? အရမ်းနာနေသလား လင်းလက်ကြယ်"

သက်တန့်ရောင်က လင်းလက်ကြယ် ရဲ့ခုတင်ဘေးနားမှာ မတ်တပ်ရပ်ကာ ခါးထောက်ရင်းလှမ်းမေးလိုက်တယ်။
လင်းလက်ကြယ်က သက်တန့်ရောင် ရဲ့မေးခွန်းတွေကိုမကြားခဲ့။ သူမ အတွေးယာဉ်ကြောထဲမှာ သူမပိတ်ဆို့နေတယ်။

လင်းလက်ကြယ်ဟာ လွင့်ပြယ်သွားတဲ့ ကိုယ်သင်းရနံ့  သင်းသင်းကို လွမ်းနေတယ်...

\ wtf! ဘာတွေလဲ ?/

သူမ တွေးလိုက်ရင်း ထပ်မံ မျက်မှောင်အကုတ်မှာတော့

" အရမ်းနာနေတာပေါ့ ... စကားတောင်မပြောနိုင်တော့ဘူး ... အဆစ်လွဲသွားတာဖြစ်မယ် ... ဒေါ်နွယ်ရေ ဒေါက်တာ ဆီဖုန်းဆက်လိုက်ပါ!"

သက်တန့်ရောင်ရဲ့ ဆရာဝန်ခေါ်ရန် ဒေါ်နွယ်အား လှမ်းအော်လိုက်တဲ့ အသံ ကျယ်ကျယ်ကို သာကြားလိုက်ရတော့သည်  .....

_______________________________

မိသားစု ဆရာဝန်က ၁၀ နာရီ ထိုးခါနီးလောက်မှာ သက်တန့်ရောင်ရဲ့ အမိန့်တော်နဲ့ ပေါက်ချလာရတော့တယ်။

ခြေခေါက်တာလေးကို မွေးခါနီးလူနာလိုလို ၊အချိန်နဲ့အမျှ အရမ်းအရေးကြီး သလို ဖြစ်နေရတဲ့ လူနှစ်ယောက် ကတော့ ဆရာဝန်အား မြင်မှ စိတ်အေးသက်သာ ဖြစ်သွားရတယ် ။

ချစ်​လှစွာ​သော Wo Geschichten leben. Entdecke jetzt