အမုန်းတစ်​ခု၏အနားသတ်​ ၁

9.6K 396 15
                                    

ကျွီ.........

'ဟိတ်​...မင်းကားလာ​နေတာ မမြင်​ဘူးလား..
ဘာလို့ ဖြတ်​ကူးရတာလဲ"

တစ်​ချက်​သာလှည့်​ကြည့်​ပြီး ​ပြေးသွားတဲ့ ​ကောင်​​လေးက အထက်​တန်းသာသာအရွယ်​​လေး
ကျောပိုးအိတ်​​လေး လွယ်​​ထားပြီး ​နောက်​ပြန်​လှည့်​မကြည့်​ပဲတချိုးတည်း​ပြေး​သွားခဲ့သည်​။

ကောင်​​လေးရဲ့ မျက်​ဝန်း​တွေက ဆုံးရှုံးမှုတစ်​ခုကို ​ဖော်​ပြ​နေသလို
ပါးထက်​က မျက်​ရည်​စက်​​တွေဟာလည်း သုတ်​သူကင်းမဲ့​နေခဲ့သည်​။

မဆိုင်​ပါပဲ စိတ်​ပူမိသွား​တော့ ​ခေါင်းကိုခါရမ်းလိုက်​သည်​။ ငါနဲ့မှမဆိုင်​တာပဲ။

***********
"ဆရာ Mr.Park ဒီ​နေ့မနက်​ကပဲ ​ဆေးရုံ​ပေါ်မှာဆုံးသွားပါပြီ"

အတွင်း​ရေးမှူး​ပြောလာသည့်​စကားကို သိပ်​​တော့လည်း မအံ့သြမိပါ။ တစ်​ချိန်​မှာ ဖြစ်​လာမယ်​ဆိုတာ ကြိုသိခဲ့ပြီးသားမို့ပင်​။

" သူ့ဆီက ရစရာရှိတာ​တွေ ​လျှော်​လိုက်​​တော့.. သူ့မှာ သားတစ်​​ယောက်​ သမီးတစ်​​ယောက်​ကျန်​ခဲ့တယ်​မလား"

'ဟုတ်​ကဲ့'

"အခု သူတို့ဘယ်​လို​နေကြလဲ"

"သမီးအကြီးက စိတ်​သိပ်​မမှန်​ဘူးဆရာ
သားအငယ်​က​တော့ တကယ်​​တော်​တဲ့​ကောင်​​လေးတစ်​​ယောက်​ပါ"

Mr.Park ၏ ​နောက်​ဆုံးဆန္ဒအရ သူတို့ကို ​စောင့်​​ရှောက်​​ပေးရမှာ Yoongi၏တာဝန်​မို့ ​မေး​နေရခြင်းပင်​ဖြစ်​သည်​။

"၂​ယောက်​လုံးကို အိမ်​စီစဉ်​​ပေးလိုက်​.. အခုငါသူတို့ဆီ လိုက်​သွားလိုက်​မယ်​"

Yoongi​ရောက်​သွား​တော့ ဈာပနာရဲ့ အခန်း​ထောင့်​မှာ ​ကောင်​မ​လေးတစ်​​ယောက်​က အမည်း​ရောင်​ဝတ်​စုံကိုဝတ်​ကာ ကြုံ့ကြုံ့​လေးထိုင်​​နေ​လေသည်

"မင်းက Mr.Parkရဲ့ သမီးလား"

ခေါင်းညိတ်​ပြပြီး ဒူးနှစ်​ဖက်​ကို လက်​နဲ့ တင်းစွာပိုက်​ကာ မျက်​ရည်​များကျ​နေ​သော သူမဟာ
အပြင်​အဆင်​မပါ​သော်​လည်း နုနယ်​တဲ့ မျက်​နှာ​လေးက အရုပ်​​လေးတစ်​ရုပ်​အလားပင်​။
ငိုထားလို့နီရဲ​နေတဲ့ မျက်​နှာ​လေး က သနားဖို့​ကောင်းလွန်းလှသည်​။

အမုန်းတစ်​ခု၏အနားသတ်​(Completed)Место, где живут истории. Откройте их для себя