နားသည်စပ်နားက ဝင်လေထွက်လေ တစ်ချို့
မထင်မှတ်ပါပဲ မှတ်သားလိုက်မိတဲ့ ကိုယ်သင်းနံ့အချို့...
ပါးနားမှာ မထိတထိ ကျီစယ်နေတဲ့ အနမ်းတစ်ချို့...
ထိုလူသည်... မုန်းတယ်ဟု တဖွဖွပြောနေသော်လည်း မိမိမမုန်းရက်တဲ့ လူသားတစ်ဦး...Min Yoongi.......
Yoongi- ကလေးလေး ထတော့လေ.. ပင်ပန်းနေတာသိပေမယ့် မနက်၉နာရီတောင်ထိုးနေပြီ.. ဆေးရုံမတက်ချင်ရင် ဒီအိမ်မှာပဲနေလိုက် ကိုယ့်သူငယ်ချင်း ဆရာဝန်ကို ခေါ်ထားတယ်.. အခုတော့ ထနော်...
လေသံမျှသာ ပြောနေသော သူ့အသံက ချိုလှသည်။
ထိုသူသည် ကျားတစ်ကောင်လိုလည်း ကြမ်းတမ်း ရက်စက်သည်။
သံစဉ်တေးသွားတစ်ခုလိုလည်း ချိုသာလှသည်။
သူ၏ချစ်တစ်ခါ မုန်းတစ်လှည့် အပြုအမူတွေမှာ မိမိကိုယ်တိုင်လဲ ရယ်ချည်ငိုချည် စုန်ဆန်ခတ်နေခဲ့ရသည်။
Min Yoongiဆိုသော လူသားကို ကျနော်နားမလည်....
သူ့အချစ်တွေက ဘယ်လိုများပါလိမ့်....Jimin-ကျနော် မထချင်သေးဘူး ခင်များသွားစရာရှိရင် သွားတော့...
Yoongi- ကိုယ်မသွားမဖြစ် သွားစရာ ရှိနေလို့ပါကွယ်... မဟုတ်ရင် မင်းကို မထားခဲ့ပါဘူး.. ဒါဆို နည်းနည်းနားပြီး ထတော့နော် ကိုယ်သွားတော့မယ်....
ကျနော့နှဖူးပြင် နွေးခနဲဖြစ်သွားတော့ သူ၏ အနမ်းများက နူးညံ့နေသည်။...
မရည်ရွယ်ပါပဲ ကျေနပ်စွာ ခံယူလိုက်မိသည်...
Min Yoongi ကျနော်ကိုယ်တိုင်လည်း ချစ်မိနေပါပြီ....
ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရပေမယ့် မငြင်းကြေးဆို ချစ်မိပြီထင်ပါရဲ့....
ခင်များ ဘယ်လောက်ထိ ရက်စက်မလဲ...
ခင်များ ဘယ်လိုတွေ ထပ်ပြီး လိမ်ညာဦးမလဲ..
ခင်များ ဘယ်ထိ နှိပ်စက်နေဦးမလဲ...
သေချာတာက ကျနော် ခံစားဖို့နောက်ထပ်လည်း မရှိတော့ပြီမို့... ခင်များသွားတဲ့နောက်လိုက်ပြီး.. ခင်များနဲ့အတူ ဆက်လျှောက်မယ်...
ခင်များလက်ကို တွဲထားမယ်..
ခင်များကိုယ်တိုင် လွှတ်မချခင်အထိပေါ့...
သိပ်ချစ်ပါတယ် Min yoongiရယ်...
__________________
Yoongi- Joon ငါ စုံစမ်းခိုင်းထားတာ သိပြီလား..
YOU ARE READING
အမုန်းတစ်ခု၏အနားသတ်(Completed)
RomanceYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...