ရင်ခွင်ထဲမှာ အိပ်မောကျနေသော ကောင်လေး..
သူ့ပုံရိပ်လေး တစိမ့်စိမ့်ကြည့် ကာ အားနာနေမိသည်။ တကယ်ဆို သူဒီလောက်ထိလုပ်ပစ်ဖို့ မရည်ရွယ်ခဲ့... သူလေးကို မနာကျင်စေရက်..သူ့အပေါ် မြတ်နိုးလွန်းတာကြောင့် သူ့အတိတ်ကို ကျနော်လက်မခံနိုင်ဖြစ်သွားခဲ့တာ တကယ်ဆို သူလေးကို ဘာပဲဖြစ်နေနေ ကျနော် လက်ခံပေးရမှာလေ... သူ့ကို ချစ်နေမိပြီဆိုတာရော သူနဲ့ Jhonရဲ့ ပတ်သတ်မှုတွေကို သိလိုက်ရတော့ ကူကယ်ရမဲ့ ဖြစ်သွားသလို...
ညက Jiminie ဆုပ်ကိုင်ထားတဲ့ ကျောပြင်ဟာ လက်သည်းရာတို့ကြောင့် နာကျင်နေသလို ..ရင်ဘတ်ဟာလည်းထိုကလေး ရိုက်နှက်ထားတာကြောင့် အောင့်သက်လို့..ကောင်လေးမှာလည်း မိမိတံဆိပ်ခတ်ထားသော အနီကွက်များ ဖြင့် ခန္ဓာကိုယ်သေးသေးလေးထက်မှာ နေရာယူထားလေသည်။
ရင်ခွင်ထဲ က ကောင်လေးကတော့ ဘာမှမသိရှာ..
ဒါပေမယ့် ဘာလို့ သူ့ရဲ့ ပထမဆုံးအကြိမ်လို့ ခံစားနေရတာလဲ... သူနဲ့အိပ်ရတာ တစ်စုံတစ်ဦးနဲ့ အတူရှိဖူးသည့်ပုံမပေါ်..
သူနဲ့ Jhon ဖြစ်ခဲ့ဖူးတာ ဟုတ်ရဲ့လား..ကောင်လေး လှုပ်လာတော့ မျက်စိမှိတ်ကာ ပြန်အိပ်ချင်ယောင်ဆောင်လိုက်မိသည်။
အခုချိန်မှာ သူ့ကို ပြောဖို့ ကျနော် မရဲသေးဘူး..လူကို အတင်းဖက်ထားဆဲ သူ့ကိုမြင်တော့ မျက်ရည်များဝဲတက်လာသည်။ မုန်းလိုက်တာ..
ကျနော့ဘဝကို ရစရာမရှိတော့အောင် ခင်များလုပ်ရက်လိုက်တာ...သူ့လက်ကို ဖယ်လိုက်ပြီး ကုတင်ပေါ်ကထကာ မျက်စိရောက်သွားသည်က စားပွဲပေါ်တင်ထားသည့် ပန်းသီးခြင်းထဲက ဓားတစ်ချောင်း...
အကြာကြီး စဉ်းစားနေပြီးမှ...ဓားကိုကောက်ကိုင်လိုက်ကာ...
ခင်များ ကျနော်တို့အပေါ်လုပ်ခဲ့သမျှတွေအတွက် ခင်များကို အရှင်မထားဘူး သတ်ပစ်မယ်..
![](https://img.wattpad.com/cover/151033471-288-k373020.jpg)
KAMU SEDANG MEMBACA
အမုန်းတစ်ခု၏အနားသတ်(Completed)
RomansaYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...