အမုန်းတစ်​ခု၏အနားသတ်​ ၆

2.9K 300 31
                                    

'Miss Park Jisoo အသက်​မရှိ​တော့ပါဘူး ​သေဆုံးချိန်​ ​နေ့လည်​ ၁နာရီ ၄၀မိနစ်​ပါ´

ရင်​တမမနဲ့ ​စောင့်​​နေခဲ့​ပေမယ့်​ ​နောက်​ဆုံးရလိုက်​တဲ့ အ​ဖြေက အမ မရှိ​တော့ဘူးတဲ့...
နှလုံးသား​တွေ ကွဲမတတ်​ခံစားခဲ့ရသည်​။..
ဒီ​လောက်​နဲ့ပဲ ဒုက္ခ ခံရတာ​တွေ အမအတွက်​​တော့ လွတ်​​မြောက်​ခဲ့ပြီ..

ကျ​နော့အတွက်​​တော့ တကယ်​မလွယ်​ဘူး Noonaရယ်​.....

ကြမ်းပြင်​​ပေါ် ဒူး​ထောက်​ချလိုက်​မိရင်း ခံစား​နေရတာ​တွေက ရင်​ကွဲမတတ်​...
ပခုံး​ပေါ်ကို လာကိုင်​တဲ့ Min Yoongi ဆိုတဲ့ လူ...

Jimin- လာမထိနဲ့ ခင်​များ မျက်​နှာကို မမြင်​ချင်​ဘူး အသံလည်းမကြားချင်​ဘူး ထွက်​သွား..​နောက်​တစ်​ခါ ကျ​နော့အ​ရှေ့မှာ ​ပေါ်မလာ​စေနဲ့ မုန်းတယ်​ ခင်​များကြီးကို ​သေ​လောက်​​အောင်​မုန်းတယ်​...

Yoongi- Jiminie မုန်းရင်​လည်းခံပါ့မယ်​...အတတ်​နိုင်​ဆုံး မင်းစိတ်​တိုင်းကျ​နေ​ပေးပါ့မယ်​...ကိုယ့်​ကို ခွင့်​လွှတ်​ပါလို့ မ​တောင်းဆိုရက်​ပါဘူး...

Jimin-ဒါဆို ဘာလုပ်​​နေတာလဲ ထွက်​သွား​တော့​လေ...

မျက်​ရည်​ လည်​ရွှဲနဲ့ ​အော်​ဟစ်​ ​ပြောဆို​နေ​လေ​တော့ ရင်​ထဲတွင်​နာကျင်​ရသည်​။ ဒီတိုင်းဆို Jiminieပုံစံက စိတ္တဇ ဖြစ်​သွားနိုင်​သည်​။...
သူ့ကို တစ်​​ယောက်​တည်းထားလို့ အဆင်​​ပြေပါ့မလား...
သူ့ချစ်​သူဆိုတာ​ရော ဘယ်​မှာလဲ ဒီလို အချိန်​မျိုး​တောင်​ သူ့အနားမှာ ဘာလို့မ​နေ​ပေးရတာလဲ....
စိတ်​မချ၍ ရင်​ထဲမ​ကောင်း​သော်​လည်း သူမှ ကိုယ့်​မျက်​နှာမမြင်​ချင်​ပဲ​လေ...

ကျောခိုင်းထွက်​သွား​သော ထို ​ကျောပြင်​ကြီးကိုကျ​နော်​မုန်းမိတယ်​....
သေချာတာ​တော့ ဒီလူ့မျက်​နှာ မမြင်​ချင်​​တော့​ပေ...

**********
အိမ်​ထဲက အိမ်​ပြင်​မထွက်​ချင်​ ချစ်​လှပါသည်​ဆို​သော Jhon မှာလည်း အဆက်​သွယ်​မရ ...ဒီထက်​ပိုပြီးလည်း ခံစားဖို့မရှိ​တော့သည်​မို့...ထမင်း မစားဖြစ်​တဲ့ ရက်​​တွေက မနည်း​တော့ပြီမို့ ထဖို့ရန်​ပင်​ အားမရှိ...

အမုန်းတစ်​ခု၏အနားသတ်​(Completed)Donde viven las historias. Descúbrelo ahora