Yoonguk- အဟက် Min Yoongiက ငါ့ကို စုံစမ်းနေတယ်ပေါ့... Park Jimin ဘယ်မှာရှိလဲ သိပြီလား...
'ဟုတ်သိပါပြီ.... ဟိုနေ့က အန်တီကြီး သွားတွေ့တာ မြင်လိုက်တယ်...´
Yoonguk- Park Jiminကိုဖမ်းခဲ့... သူက ငါတို့အတွက် ဓားစာခံပဲ...
Min Yoongi မင်းပိုင်ဆိုင်တာတွေရဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ.. ငါပေးတဲ့ သတင်းတွေနဲ့ မချိမဆန့်ခံစားနေရတာ သိတာပေါ့...
ညီဖြစ်တဲ့သူကို ပြန်ယူတယ်ဆိုတဲ့ စိတ်နဲ့ ခံစားလိုက်ပေဦး Min Yoongiရေ.....
မထင်မိဘူး... Park Jiminက မင်းရဲ့ပျော့ကွက် ဖြစ်လာလိမ့်မယ်လို့....
ဒီလောက်ဆို မင်းငါ့လက်ခုပ်ထဲက ရေဖြစ်နေပြီ
ဟားဟား......
__________________
တီ.......Yoongi-...........
Jimin- Hy..hyung ပြန်မလာသေးဘူးလား..
Yoongi-ငါမအားသေးဘူးလို့ ပြောထားတယ်လေ
Jimin-ဒီတိုင်း hyungကို လွမ်းလို့ဆက်တာကို ခဏလေးတောင် စကားမပြောပေးနိုင်ဘူးလား...
တုန်ရီနေတဲ့ ကလေးရဲ့ စကားသံတွေက ကျနော့နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်...
ရင်နင့်အောင် ချစ်ပေမယ့်... ဘယ်လိုစိတ်နဲ့ မင်းဆီကို ပြန်လာရမလဲ....
မချစ်ခဲ့သင့်ဘူး... ကိုယ်မင်းကို ရက်စက်ဖို့လည်း မသင့်ပါဘူးကွယ်...
ကိုယ့်ကိုယ်သာ အပြစ်ဖွဲ့ပြီး ကိုယ့်ကိုပဲ မုန်းလိုက်ပါတော့ ကလေးရယ်...Yoongi- အားရင် ဖုန်းဆက်လိုက်မယ် ကျန်းမာရေး ဂရုစိုက်..
Jimin-မစိုက်ဘူး... ဖုန်းလည်း မဆက်နဲ့ .. ပြန်လည်းမလာနဲ့ မုန်းတယ် hyungကို အရမ်းမုန်းတယ်.....
ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းနောက်မှာ ကျနော်ဟာ ဖုန်းကို မချသေးပဲ ငိုကြွေးနေဆဲ...
ကလေးရယ် ကိုယ်သိပ်လွမ်းတယ်...
ညီလေးမဖြစ်ခဲ့ဘူးဆိုရင်...
ကိုယ့်အဖေ မမှားခဲ့ဘူးဆိုရင်...
မင်းနဲ့ ကိုယ်သာမတွေ့ခဲ့ရင်...
ဒီလောက် မင်းခံစားရမှာ မဟုတ်ဘူး...
သိပ်ချစ်သလို သိပ်လည်းလွမ်းတယ်...
မင်းနားကိုတော့ ပြန်မလာတော့ဘူး...
ဒါကလည်း စောင့်ထိန်းသင့်တဲ့ အရာပဲမို့...

VOUS LISEZ
အမုန်းတစ်ခု၏အနားသတ်(Completed)
Roman d'amourYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...