ကျွန်တော်တို့တွေဟာ သိပ်ကို တုံးအ,လွန်းတယ် ...
တိမ်လို အတွေးတွေကို ပွေ့ပိုက်ထားဖို့ အိပ်မက်တွေကိုတောင် လွှတ်ချတတ်ကြတယ် ...။စလုံးရေ စ ဆိုကတည်းက မနီးစပ်ခဲ့ကြတာကို .. မဝေးပါရစေနဲ့လို့ တောင်းတဲ့ဆုတွေက ပြည့်မတဲ့လား ...
ရူးတယ်ပြောလည်း မရှက်တတ်တော့ဘူး ...။ခင်ဗျားဆိုတဲ့ သက်ရှိတစ်ဦး လူဖြစ်လာခဲ့ခြင်းအပေါ် အရာရာကို ကျေးဇူးတင်ပြီးသားမို့ ...
ဝိုင်းထိုးသမျှ လက်ညှိုးတွေကိုလည်း စိတ်မဆိုးတတ်တော့ဘူး ...။ရင်တွေ အစိတ်စိတ်အမွှာမွှာ ကွဲနေရင်တောင် ခင်ဗျားကို မြင်နေရရင် ဖြစ်တာမို့ ...
ခင်ဗျားဆိုတဲ့ Morphine လေးကိုမှီဝဲဖို့အတွက်နဲ့ အခါခါနာကျင်ဖို့ကို ရွေးချယ်ခဲ့ပါတယ် ...။
YOU ARE READING
I
Poetryတစ်ယောက်တည်းဘဝမှာ နေသားကျလာရင်း ခင်ဗျားကိုချစ်မိခဲ့တဲ့အခါ တစ်ယောက်တည်းရှိနေတဲ့ ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားခဲ့တယ် ...