xxi

52 2 0
                                    

ခင်ဗျားသီချင်းတွေထဲမှာ ကျွန်တော့်စိတ်ကို ထည့်ချည်လိုက်ရုံပဲ ...
လက်လွတ်ခြေလွတ်ကြီးနဲ့တောင် ဝေးရာကိုမပြေးနိုင်တော့တာ ...
လူတစ်ယောက်အညံ့ခံဖို့ ခင်ဗျားအသံဩရှရှလေးပဲ လိုသတဲ့ ...။

လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့အရာတွေကို ဆုပ်ကိုင်ခွင့်မရှိလို့ နာကျင်ရတယ် ...
ချစ်တယ်၊ ချစ်တယ် ပြောပြီး လွမ်းပဲလွမ်းနေရတာပဲဥစ္စာ ...
အချစ်ဆိုတာလည်း စိတ်ကူးလေးနဲ့ရူးဖို့ ဖြစ်တည်လာတာနေမှာ ...။

ဝင်္ကပါပဲ ... သံသရာပဲ ... အဆုံးမှ မရှိတာ ...
အဆုံးသတ်လိုက်ဖို့လည်း မမျှော်လင့်ခဲ့ဘူး ...
ရစ်ပြီးရင်း ရစ်နေမယ့် နွယ်ကြိုးကလေးပဲ ဖြစ်စေချင်ခဲ့တာ ...။

မကြားနိုင်မယ့် ချစ်စကားတွေ ရေရွတ်ပြီး တစ်ယောက်တည်း ဝမ်းသာရပါတယ် ...
ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရတယ် ...
ပေးဆပ်ပြီးချစ်လိုက်တယ်လို့ပဲ ဇွတ်မှိတ် ဂုဏ်ယူလိုက်ပါတယ် ...။

ဝေးသမျှ မိုင်ပေါင်းတွေလည်း အတည်ကိန်းထားပြီး မေတ္တာစားကိန်းနဲ့ စားပစ်လိုက်တယ် ...
အလွမ်းရလဒ်နဲ့ နာကျင်ခြင်းတွေ ကြွင်းပါတယ် ...
ချစ်မိမှတော့ အကုန် အမြတ်ချည်းပဲ .. ဒီလိုပဲတွက်ပါတယ် ...။

IWhere stories live. Discover now