xii

104 7 0
                                    

ဒီလိုပဲပေါ့ ... မပြည့်နိုင်တဲ့ဆန္ဒတွေသတ်ရင် ညီမလည်း သေတတ်တာပဲ ...။

အစ်ကို့သီချင်းတွေထဲက မိန်ကလေးက ညီမ မဟုတ်ပါလားဆိုတဲ့စိတ်နဲ့ ဆိတ်ကွယ်ရာမှာ တိတ်တိတ်လေးငိုတာလည်း အခါခါ ...။

အခုဆို .. ကြယ်တွေဆီမှာလည်း ဆုမတောင်းတော့ဘူး အစ်ကို ...။

ညီမ မျှော်လင့်မိသမျှက အစ်ကို့ကို ထိခိုက်စေမယ့်ဘယ်အရာကိုမဆို တားဆီးပေးနိုင်တဲ့ လူမသိသူမသိ အစ်ကို့တစ်ဦးတည်းပိုင် သူရဲကောင်းမလေး ဖြစ်ချင်ရုံ။

အစ်ကို့အတွက်ဆို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့စိတ်နဲ့ အစ်ကို့ရဲ့ တစ်သက်တာ ကောင်းချီးလေး ဖြစ်ချင်ရုံ ... ဒါ အကုန်ပဲပေါ့။

အစ်ကိုရှူ ရှိုက်လိုက်တဲ့လေထုထဲ ညီမအလွမ်းတွေပါသွားတဲ့အခါ ကောင်းကင်ကိုငေးပြီး "ဪ ... ငါဟာ သိပ်ကိုအချစ်ခံရပါလား" ... ဒီလိုတွေးပါ။

ညီမကို သတိမရလည်း နေပါ ... အစ်ကို့ကို တစ်စုံတစ်ယောက် ချစ်နေတယ်ဆိုတာကိုတော့ သတိရပါ။

ပြီးတော့ ... ကိုယ့်ကိုယ်ကို ချစ်ပါ။

IWhere stories live. Discover now