ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်သေးတဲ့ မိန်းကလေးဟာ အစ်ကို့ကိုတော့ဖြင့် ကာကွယ်ချင်ပါတယ်တဲ့ ...
မိဘတွေအနေနဲ့တော့ မွေးရကျိုးမနပ်ဘူး ပြောရမှာပဲ ...
အစ်ကို့အတွက်ဆို အသက်ကိုလည်း အလကားပေးချင်သတဲ့ ...။

အစ်ကို့ဘက်က ဘာမှတောင်းဆိုမလာတာဟာ ပြဿနာပါပဲ ...
သူရဲကောင်းလုပ်ချင်ပေမဲ့ ဘာမှမစွမ်းနိုင်တဲ့ သာမန်အမှုန်အမွှားဘဝနဲ့ ...
အစ်ကိုကလွဲရင် ဘယ်သူ့မှ ဂရုမစိုက်တတ်တဲ့အကျင့်က ဝဋ်လည်ပြီထင်ပါတယ် ...။

မိုးတွေသည်းရင် ခိုဝင်စရာ ရင်ခွင်မရှိပါဘူး အစ်ကို ...
အစ်ကို့ ဓာတ်ပုံတွေနဲ့ပဲ သတ္တိမွေးရပါတယ် ...
အစ်ကို့အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ ညီမဟာ အစ်ကို့ကို အကာအကွယ်ယူရတာ ရှက်စရာပါပဲ ...။

IWhere stories live. Discover now