မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီပါ ...
ဝါကျင့်ကျင့်စာမျက်နှာတွေထဲ
အပြုံးချိုချိုတွေမရှိဘူး ...
ရယ်သံလွင်တွေ မရှိဘူး ...
အပြာရောင်ကောင်းကင်ကျယ်ကြီးလည်း မရှိသလို
ဒေစီပန်းတွေလည်း မရှိဘူး ...နေ့တိုင်းက မီးခိုးရောင်မှိုင်းတယ် ...
မပြိုဘဲ ညိုတဲ့မိုးတွေနဲ့ ...
သေရာပါ အမာရွတ်တွေနဲ့ ...
ကော်ဖီခွက် အနားပဲ့ကလေးနဲ့
အသံတိတ် လေခေါင်းလောင်းကလေးရယ် ...စာအိတ်ညိုလေးတွေလည်း
လိပ်စာမတပ်ရသေးခဲ့ ...
မပို့ဖြစ်တဲ့ အလွမ်းတွေနဲ့
ဒီဘက်ကောင်းကင်မှာ တိမ်တွေထူတယ် ...
လှုပ်ခတ်နေတဲ့ ခန်းစီးဖြူ လေးဟာ
နေရောင်ကို စောင့်နေဆဲ ...ပုစဉ်းရင်ကွဲတွေ
ရင်ကွဲတဲ့အထိ အော်နေကြတယ် ...
ပိုးစုန်းကြူးလေးတွေ ရောက်မလာတဲ့
ကြယ်ကင်းစင်တဲ့ ညတွေ ...
ဖန်ပုလင်းထဲက လိပ်ပြာလေးလည်း
လွတ်မြောက်ဖို့ လမ်းမရှာတော့ ...
မလွတ်မြောက်နိုင်တော့ ...။
YOU ARE READING
I
Poetryတစ်ယောက်တည်းဘဝမှာ နေသားကျလာရင်း ခင်ဗျားကိုချစ်မိခဲ့တဲ့အခါ တစ်ယောက်တည်းရှိနေတဲ့ ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားခဲ့တယ် ...