iv

156 11 1
                                    

စကားမပြောတတ်တဲ့ ရုပ်သေဓာတ်ပုံတွေမှာလည်း အသံတိတ်အမိန့်တွေ ရှိနေတတ်ပါတယ်။

ခင်ဗျားမဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်ကို  စိတ်ဝင်စားမိရင် ခင်ဗျားစိတ်ဆိုးလိမ့်မယ်လို့ ထင်နေမိတဲ့ ကျွန်တော်လည်း အရူးပဲဗျာ ...

ကိုယ့်ဖြစ်တည်မှုကိုတောင် မသိပါဘူးဆိုတဲ့ အဝေးကလူတစ်ယောက်ရဲ့ အဆိုအမိန့်အားလုံးကို တလွဲမသွေလိုက်နာတဲ့အခါ အဲဒီလူက ခေါင်းလေးဖွဖွပုတ်ပြီး "တော်တယ်"လို့ ချီးကျူးမှာမျိုးကို မျှော်လင့်လို့လား။

သူပြောတဲ့အတိုင်းမှ မလုပ်ရင် သူစိတ်ပူနေလိမ့်မယ်လို့ ထင်လို့လား။

မျက်မှောင်ကြုတ်ပြီး ခပ်စူးစူးကြည့်လိုက်တိုင်းမှာတော့ ကျွန်တော့ရင်တွေ သိမ့်ခနဲတုန်သွားရတာပါပဲ။

ကြောက်တယ်ဆိုတာထက် ချစ်တာကပိုတာမို့ ခင်ဗျားနှုတ်ထွက်စကားတိုင်းကို တန်ဖိုးထားချင်ရုံ။

IWhere stories live. Discover now