လျော့ရဲရဲချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းကို ပြတ်ထွက်မသွားဖို့ မျှော်လင့်နေရင်းနဲ့ ကိုယ့်ကိုယ်ကို ရစ်ပတ်နေမိတာကို မမြင်နိုင်ခဲ့ဘူး ...
တစ်ဖက်သတ် ပစ်တင်လိုက်တဲ့ မေတ္တာတရားတွေကို ဖမ်းဆုပ်ပေးမယ့်သူမရှိတဲ့အခါ ကောင်းကင်မှာ ကြယ်တွေကြွေတယ် ...
တစ်နေ့တော့ဆိုတဲ့ အိပ်မက်ထဲ ကိုယ့်ကိုယ်ကို မြှုပ်နှံလိုက်တဲ့အခါ တစ်ဘဝလုံးစာ မြေကြီးအောက်ရောက်သွားတယ် ...
အရူးတစ်ယောက်လို ပြေးလိုက်နေရတဲ့ ရထားတစ်စင်းပေါ် ခင်ဗျားရှိမနေတဲ့အခါမှာတော့ ကျွန်တော့်ရင်တွေ တစ်စစီ ကြေမွရပါတယ် ...
YOU ARE READING
I
Poetryတစ်ယောက်တည်းဘဝမှာ နေသားကျလာရင်း ခင်ဗျားကိုချစ်မိခဲ့တဲ့အခါ တစ်ယောက်တည်းရှိနေတဲ့ ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားခဲ့တယ် ...