ကောင်းကင်ကြီးလည်း ပြာနေတုန်းပါပဲ အစ်ကို ...
ညီမနှလုံးသားဧရိယာတစ်ဝိုက်သာ သီးသန့်အုံ့မှိုင်းနေပါတယ် ...။အစ်ကိုသွားသမျှ နေရာတိုင်း အရိပ်ကလေးလို မလိုက်ပါနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရပါတယ် ...
လွမ်းသလောက် မနီးနိုင်တဲ့ မိုင်ပေါင်းတွေပါပဲ ...။အစ်ကိုနဲ့ပတ်သက်လာရင် အသက်ရှူ သံကလေးကအစ မျက်တောင်ခတ်တာအဆုံး မြတ်နိုးရပေမဲ့ ညီမရှင်သန်မှုကိုတော့ အစ်ကိုက အမှုမဲ့အမှတ်မဲ့ ...
ချစ်သလောက်လည်း ဝေးရပါတယ် ...။ရင်နင့်တယ်ဆိုတာကို ကြားဖူးသလားအစ်ကို ...
အစ်ကိုနဲ့ဝေးတဲ့ ညီမရဲ့ ၂၄ နာရီတွေကို ရင်နင့်တယ်လို့ခေါ်တယ် အစ်ကိုရဲ့ ...။နာကျင်မှုကိုသိဖို့ ကိုယ်တိုင်နာကျင်ဖူးရမယ်ဆိုရင်တော့ ညီမကို အစ်ကို မစာနာရင်လည်း နေပါစေတော့ ...
အစ်ကိုတစ်ယောက် နာကျင်ရမှာကိုတော့ ဒီကလေးမ သိပ်ကြောက်လို့ပါ။အချစ်ဟာ တန်ပြန်သက်ရောက်မှု မဟုတ်ခဲ့မှတော့ နာကျင်မှုကျမှ အသွားအပြန်မရှိစေချင်တော့။
YOU ARE READING
I
Poetryတစ်ယောက်တည်းဘဝမှာ နေသားကျလာရင်း ခင်ဗျားကိုချစ်မိခဲ့တဲ့အခါ တစ်ယောက်တည်းရှိနေတဲ့ ကိုယ့်ကိုယ်ကိုပါ ပျောက်ဆုံးသွားခဲ့တယ် ...