💖 Immortal Love 💖 ( Episode 7 )
" ကဲ ကဲ ဒီနေ့ဒီလောက်ပဲ အကတိုက်တာရပ်လိုက်တော့မယ် တစ်ချို့ကျောင်းသားတွေက pratical ချိန်တွေရှိတယ်ပြောတယ် ဟုတ်ပြီလား..."
ကြည်စေခန့်တို့ Trainer မှအကတိုက်နေသောကြည်စေတို့အားနားခိုင်းလိုက်ခြင်းဖြစ်သည်.....
" ဟေ့ကောင် ကြည်စေ ဒီနေ့pratical နဲ့ Tuto ချိန်တွေငါတို့Class မှာပါလား "
Training ပြီး၍အတန်းဘက်လျှောက်လာသော ကြည်စေအား ပုခုံးပုတ်ကာမေးလိုက်သော ကြည်စေ့သူငယ်ချင်းရဲရင့်...
" TimeTable အလွတ်မရဘူး နေဦးဖုန်းထဲမှာရှိတယ် ကြည့် ကြည့်ဦးမယ်.. ဒီနေ့ သောကြာနော် ?.."
" Omn ဟုတ်တယ်.. ပါလား "
" မပါဘူး ရဲရင့်ရေ ဒီနေ့ လက်ချာချိန်တွေချည်းပဲ ဘာလုပ်မလို့လဲ "
" မပါရင်ငါ့ကောင်မလေးနဲ့သွားတွေ့မလို့လေ ဟီး ဟီး သွားပြီ ကြည်စေရေ သွားပြီ ငါ့သူငယ်ချင်း FA လေးတော့အတန်းသွားတက်လိုက်ဦး Bye Haha "
" ဘောကောင် FA ပေမယ့် ကြိုက်တဲ့သူတေပေါနေလို့ဘယ်သူ့ရွေးရမှန်းမသိဖြစ်နေတဲ့ FA ကွ "
ကြည်စေတစ်ယောက်ထွက်သွားသောရဲရင့်အားအော်ပြောလိုက်လေသည်... ရဲရင့်ကတော့ ဟုတ်ပါပြီဟူသောသဘောဖြင့် လှည့်မကြည့်ဘဲ လက်ပဲပြကာထွက်သွားတော့သည်...
" အယ့်လဲ့ ဒါဆို စော်ကြည် FA ကြီးပေါ့ "
ရဲရင့်အားအော်ပြောနေစဉ် ကြည်စေနောက်နားရွက်နားမှ အသံထွက်ပေါ်လာခြင်းကြောင့်လန့်ပြီး လှည့်ကြည့်လိုက်လေသည်....
" အမလေးဗျ..... "
" ဟာ ဘာလို့အဲ့လောက်တောင်လန့်သွားရတာတုန်းကောင်လေးရ "
~ ဟင် မနေ့က ငါ့ကိုထီးပေးသွားတဲ့လူကြီး အဲ့ဒါမှသောက်ဂွပဲ ထီးအိမ်မှာမေ့ကျန်ရစ်ခဲ့ပြီ ဘယ်လိုလုပ်ရပါ့ ~
YOU ARE READING
Immortal Love
Romanceကျွန်တော့်အချစ်တွေကသူ့အတွက်ဆို ထာဝရရှင်သန်နေမှာပါ...... သူ့တစ်ယောက်တည်းအတွက်နော်... #Ah_K