Episode 6

59 7 0
                                    

💖 Immortal Love 💖 ( Episode 6 )

" အော်​..ဟိုတစ်​​​ယောက်​ ငါစာအုပ်​​တွေမ​ဝေနိုင်​လို့ လူစုံရင်​​ဝေ​ထားလိုက်​​နော်​..."

ဘုန်းရတုကိုဘာမှပြန်​မ​ပြောပဲ ​ကျော​ပေးထွက်​သွား​​သော ထိုက်​​အောင်​လင်းအား ​​ကြောင်​​တောင်​​ငေးကြည့်​​နေမိသည်​...ထိုက်​​အောင်​လင်းစကားတစ်​ခွန်း​ကြောင့်​ ရင်​ခုန်​ပြီးကျန်​ခဲ့သည်​ဟု​ပြောခြင်းကပိုမှန်​မည်​ထင်​...... ခန့်​စစ်​​ရောက်​လာကာမှ

" ​ဟေ့​ကောင်​ ဘုန်း မတ်​တပ်​ကြီးရပ်​ပြီးဘာဖြစ်​​နေတာလဲ "

" ဟင်​.. ဘာမှမဟုတ်​ဘူး ​မင်းက​ရောဘယ်​​ရောက်​သွားတာလဲ "

"လာထိုင်​ဒီမှာ ​ပြောစရာ​လေးရှိလို့ မ​နေ့ကငါနဲ့ canteen မှာက​တောက်​ကဆ ဖြစ်​ခဲ့တဲ့​ကောင်​​လေးကိုမှတ်​မိလား.."

" မှတ်​မိတယ်​​​လေ ဘာဖြစ်​လို့လဲ "

" ​အေး မ​နေ့ကငါတို့လမ်းမှာ​တွေ့တယ်​ သူ့မှာထီးမပါဘူး မိုးကလည်းရွာ​နေ​တော့..."

" ​မောင်​မင်းကြီးသားက ငါမ​နေ့ကပြန်​​ပေးလိုက်​တဲ့ထီးကိုသွား​ပေးလိုက်​​ရောလား "

ခန့်​စစ်​စကားပင်​မဆုံး​သေး... ဘုန်းကပိတ်​​ပြောလိုက်​​လေသည်​...

" ​အေး.... မိုးကလည်းတိတ်​မယ့်​ပုံမ​ပေါ်တာနဲ့ ​ပေးလိုက်​မိတယ်​ "

" ဘာ... ဘာကြီး ကိုယ်​နဲ့မဆိုင်​ရင်​လှည့်​​တောင်​မကြည့်​တဲ့အ​ကောင်​ကဘာဖြစ်​တယ်​?  ခန့်​စစ်​ မင်း ခန့်​စစ်​ဟုတ်​ပါတယ်​​နော်​... ငါ့သူငယ်​ချင်းခန့်​စစ်​ပါ​နော်​  အပ​တွေဘာ​တွေများမှီ​နေလား မှန်းစမ်း "

ဘုန်းတစ်​​ယောက်​ ခန့်​စစ်​​ခေါင်းကိုဆွဲကာ ​မေး​စေ့မှကိုင်​ပြီးဟိုဘက်​လှည့်​လိုက်​ ဒီဘက်​လှည့်​လိုက်​လုပ်​​နေ​လေသည်​..

" ဘုန်းရယ်​ မင်းလုပ်​မှပဲငါက လူမှု​ရေး​ခေါင်းပါးတဲ့​ကောင်​ကြီးလုံးလုံးကိုဖြစ်​​ရောပဲ "

" ငါ​ပြောတာ​ရော မှား​နေလို့လား "

" အဲ့တာမင်းကို​ပြောမလို့ ငါ့ကိုယ်​ငါလည်းမသိ​တော့ဘူး မ​နေ့ကအဲ့​စောက်​​က​လေးနဲ့စကား​ပြောပြီး​တော့ငါ့ဒီဘက်​နားက.အရမ်း​တွေခုန်​လာတယ်​ကွာ ပြီး​တော့.. ပြီး​တော့..."

Immortal Love Tempat cerita menjadi hidup. Temukan sekarang