Episode 11

83 7 1
                                    

💖 Immortal Love 💖 ( Episode 11 )

" ကိုထိုက်​​ရေ.... "

" ​ဟော.. သမီးဘရဏီပါလား လာသမီးအထဲဝင်​ထိုင်​ သားကြီး​ရေဒီမှာ သမီး​လေး​ရောက်​​နေတယ်​​...."

" ဗျာ.. ဟုတ်​ လာပြီအ​မေ​ရေ လာပြီ "

ထိုက်​​အောက်​လင်းတစ်​​ယောက်​ အခန်းထဲမှအ​ပြေးထွက်​လာ​လေသည်​...

" သမီး​ရေ.. သမီးလူက​တော့မ​နေ့ အပြင်​ကပြန်​လာပြီးကတည်းက တက်​ကြွ​နေတာ ဘာ​တွေဖြစ်​လာလဲ​တော့အန်​တီလည်းမသိဘူး နည်းနည်းပါပါး​မေးကြည့်​​​ပေးပါဦး... သားကြီးအဲ့လို​ပျော်​​နေတဲ့ပုံစံမမြင်​ရတာကြာပြီ​လေ...​"

" ဟုတ်​ကဲ့ပါ အန်​တီ​ သမီး​မေးကြည့်​လိုက်​ပါ့မယ်​.. "

" ဟာ မမ မ​တွေ့တာကြာ​တော့​ချောလာပါ့လား.."

" အံမယ်​ ဂူးဂူး နင်​လည်း​တော်​​တော်​ထွားလာပါ့လား ခု ၉ တန်း​နော်​.. စာ​တွေလိုက်​နိုင်​လား.. "

" မဆိုးပါဘူး.... လိုက်နိုင်​တယ်​ပဲဆိုပါ​တော့ဗျာ.. "

" ငါ့ညီနဲ့ဘာ​တွေစကား​ကောင်း​နေတာတုန်း....လာသွားမယ်​ အခန်းထဲကို.. "

" နင့်​စကားကဘာကြီးတုန်းဟ... "

" တလွဲ​တွေ​လျောက်​​တွေးမ​နေနဲ့ စကား​​အေး​ဆေး​ပြောလို့ရ​အောင်​သွားမယ်​​ပြောတာ.. နင်​ဟာ​လေ.."

" ​​အေးပါ.. ငါသိပါတယ်​ ကိုကိုကလည်းသဲကိုဆို ဆူဖို့​လောက်​ပဲ.."

" ​ ​နားထဲကိုသံရည်​ပူ​လောင်းလိုက်​သလိုပဲ... ကြက်​သီး​တောင်​ထတယ်​ဟာ အမ​လေး.."

" ​တွေ့လား အန်​တီ ကိုထိုက်​ကသမီးကိုဆိုအဲ့လိုပဲ.."

ဘရဏီမှာ ထိုက်​​အောင်​လင်းအ​မေအားမျက်​နှာ​ကိုတမင်​မဲ့ကာ တိုင်​လိုက်​​လေသည်​...

" သားကြီး အဲ့လိုမ​ပြောရဘူး​လေကွယ်​.. သူများတကာကို.."

" ဟုတ်​သားပဲ ကိုထိုက်​ကလည်း မမကိုအဲ့လိုမ​ပြောပါနဲ့ ဂူးလည်းမကြိုက်​ဘူး.. "

" ဂူး​နော်​ ဂူး ကိုထိုက်​သိ​နေတယ်​... ဟင်း ဟင်း.. သွားမယ်ထ ဘရဏီမ​ရေ.. ဒီမှာဆို င့ါပဲဝိုင်း​လှော်​​နေကြမှာ.."

You've reached the end of published parts.

⏰ Last updated: Aug 22, 2018 ⏰

Add this story to your Library to get notified about new parts!

Immortal Love Where stories live. Discover now