Episode 5

66 7 0
                                    

💖 Immortal Love 💖 ( Episode 5 )

" က​တောက်​...ဟာကွာ အိမ်​​ရောက်​​တော့ပါမယ်​ဆိုမှ မိုးကလည်းနည်းနည်း​လေး​တောင်​မ​စောင့်​​ပေးနိုင်​ဘူး ကျစ်​..."

ကျောင်းမှအပြန်​အိမ်​​ရောက်​ခါနီးမှ မိုးရွာချလိုက်​​သော​ကြောင့်​ကြည်​​စေခန့်​တစ်​​ယောက်​​ဒေါပွ​ကာ မိုးကိုပင်​အပြစ်​တင်​​နေမိသည်​.

လွယ်​အိတ်​​လေး​ခေါင်း​ပေါ်တင်​ကာ မိုး​ရေထဲတွင်​​ပြေး​နေ​သော​ကောင်​​လေးတစ်​​ယောက်​အားခန့်​စစ်​​တွေ့လိုက်​​သည်​...ခန့်​စစ်​လည်း အိမ်​​ရှေ့​ရောက်​​နေပြီမို့ ဘုန်း​ပြန်​ပေးလိုက်​​သောထီး​လေးကိုကိုင်​ကာ ရပ်​ကြည့်​ရင်း.....​သေချာကြည့်​မိ​တော့မှ.

~ ဟာ..ဒီ​နေ့​ကျောင်းမှာငါ့ကို​ပြောသွားတဲ့​​ကောင်​ပါလား..ကြည့်​ရတာထီးမပါလို့ထင်​တယ်​​..~

(A.N; ခု fic ထဲမှာပါတဲ့ လှိုင်းတွန့်​​ [ ~ ] လေး​တွေနဲ့ ဒိုင်​ယာ​လော့ခ်​​ ​လေး​တွေက ဇာတ်​​ကောင်​​တစ်​​ယောက်​ခြင်းစီရဲ့ စိတ်​က​ပြော​နေတာကို​ရေးထားတာဖြစ်​ပါတယ်​...)

" ဟို​ကောင်​​လေး........"

" မိုး​ရေထဲမှာထီးမပါလို့​ပြေး​နေရပါတယ်​ဆိုမှဒင်းကတစ်​​မှောင့်​..ဘယ်​သူလဲငါ့ကို​ခေါ်တာ.."

ကြည်​​စေခန့်​​ပြေး​နေရင်းနှင့်​​ခေါ်သံကြား​သော​ကြောင့်​​ နောက်​လှည့်​ကြည့်​မိ​လေသည်​...ခန့်​စစ်ကသူ့ကို​စောင့်​​ရန်​ လက်​ပြလိုက်​​သည်​..

~ ဟာ.. canteen မှာ​တွေ့တဲ့လူကြီးပါလား.... ဘယ်​လိုလုပ်​ဒီ​ရောက်​​နေတာလဲဟ..~

ကြည်​​စေခန့်​စိတ်​ထဲမှ​ပြောကာသူ့ဆီ​အ​ပြေးလာ​နေ​သောခန့်​စစ်​ကိုရပ်​​စောင့်​​နေလိုက်​သည်​....

" ​ကောင်​​လေး.. မင်းထီးမပါဘူးလား "

" ကျွန်​​တော်​နာမည်​​ကောင်​​လေးမဟုတ်​ဘူး..နာမည်​ရှိတယ်​ နာမည်​​ခေါ်ဗျ..."

~ ဟာ.ဒီ​ကောင်​ဘယ်​လို​ကောင်​လဲဟ ​ကောင်း​ကောင်း​မေးတာကို​ကောင်း​ကောင်းမ​ဖြေဘူး.. လခွမ်းထဲမှ ကူညီချင်​စိတ်​​တောင်​​ပျောက်​တယ်​ မ​အေ​ဘေး​လေး..~

Immortal Love Nơi câu chuyện tồn tại. Hãy khám phá bây giờ