Episode 9

54 7 0
                                    

💖 Immortal Love 💖 ( Epispde 9 )

" ခန့်​စစ်​... မင်းမေ​န့ကဟို​ကောင်​​လေးအိမ်​မှာထီးလိုက်​ယူတယ်​မလား...."

" ​အေး​လေ.. လိုက်​ယူတယ်​​လေ ဘာဖြစ်​လို့လဲ "

" ဒါဆိုသူ့အိမ်​ကိုသိသွားပြီ​ပေါ့...."

" ဘုန်းရယ်​ အိမ်​ကိုလိုက်​ယူပါတယ်​ဆိုမှသိပြီ​ပေါ့ဟ တုံးလိုက်​စမ်း​ဆိုတာ​လေ..."

" Aww အင်းပါ.. ဟူး ..."

ကျောင်းပိတ်​ရက်​စ​နေ​နေ့ဖြစ်​​သော​ကြောင့်​ ခန့်​စစ်​နှင့်​ဘုန်းတို့ ထုံးစံအတိုင်းလဖက်​ရည်​ဆိုင်​ထိုင်​ကာ.. စကား​ပြော​နေကြ​သည်​.

" ဘုန်း မင်းဘာဖြစ်​​နေတာလဲ ငါ့ကို​ပြောစရာရှိတာပွင့်​ပွင့်​လင်းလင်း​ပြော... "

" ဘာမှ​ပြောစရာမရှိပါဘူးကွာ... "

" ဘုန်းရတုကို! မင်းငါ့ကိုမှမ​ပြောရင်​ဘယ်​သူ့ကိုသွား​ပြောမလဲ ရှိတာမှ ဒီသူငယ်​ချင်းနှစ်​​ယောက်​ပဲရှိတဲ့ဟာကို.. မ​နေ့ည​နေကလည်းဘာ​တွေဖြစ်​​နေမှန်းမသိဘူး.. ငါ့ကိုအမှန်​အတိုင်း​ဖြေစမ်း..."

ခန့်​စစ်​​သွေးတစ်​​ယောက်​မျက်​နှာတည်​ကာ အသံကိုနည်းနည်းမြှင့်​လိုက်​​သော​ကြောင့်​​ဘေးဘက်​၀ိုင်း​တွေကပါ ကွက်​ကြည့်​လာ​လေသည်​....

" ခန့်​စစ်​ရာ ဘာလို့အဲ့​လောက်​​အော်​​နေရတာလဲ ဒါဇရပ်​မဟုတ်​ဘူးကွ..."

" မ​အော်​​စေချင်​ရင်​ငါ့ကိုအမှန်​အတိုင်း​ဖြေ.. မင်း​ဘာ​တွေဖြစ်​​နေတာလဲ.."

" ဟို.. ဟို​လေ.. မင်းဟို​ကောင်​​လေးကိုချစ်​တယ်​ဆိုတာ ကိုယ့်​ကိုကိုယ်​ဘယ်​လိုသိလဲ....ဟို ငါ​မေးချင်​တာကွာ.... "

" ရပြီ​. ​တော်​​တော့ ငါသ​ဘော​ပေါက်​ပြီ... "

ဘုန်းရတုကို စကားပင်​ဆုံး​အောင်​မ​ပြောရ​သေး​ပေ။....

" ဒီမှာငါ​ပြောမယ်​ဘုန်း အချစ်​ဆိုတာဦး​နှောက်​ကလာတဲ့အရာမဟုတ်​ဘူး ဒီကလာတာ ဒီရင်​ဘတ်​ရဲ့နှလုံးသားထဲက​နေလာပြီးမှ တလှုပ်​လှုပ်​နဲ့ခုန်​လာတာ.. ငါသူ့ကိုမြင်​ရင်​ ထိန်းလို့မရ​အောင်​ရင်​ခုန်​တာမျိုး... မျက်​လုံးနှစ်​လုံးကသူ့မျက်​နှာ​လေးဆီကခွာလို့မရ​အောင်​ဆွဲ​ဆောင်​ထားထာမျိုး...သူ​ပြောလိုက်​တဲ့စကားတစ်​လုံးချင်းစီအတွက်​ရင်​ခုန်​တာမျိုး... အစတုန်းကငါ ကြည့်​မရဘူးဆိုတာမင်းလည်းသိမှာပါ... ဒါ​ပေမယ့်​ ဘယ်​ကဘယ်​လိုဖြစ်​သွားမှန်းမသိပဲနဲ့ ငါသူ့ကိုချစ်​မိသွားတာ.. "

Immortal Love Where stories live. Discover now