အပိုင်း-၃

13.7K 1.5K 62
                                    

ချစ်လှစွာသော အမတ်မင်း.. (အပိုင်း-၃)

@@@@@@@@@@@@@@@@@@

သူခိုးလို လာဖို့ လိုလို့လား

@@@@@@@@@@@

"ငါတို့ အကြောင်းကို ပေါ်တင်မမေးပဲ သိချင်တယ်လား.. အဲ့လောက် လွယ်ပါ့မလား စူးအာ မင်းက ငါ့အတွက် ကလေးပဲ ရှိသေးတာကို"

ဒီကလေး တိုင်းပြည်ကို ဘယ်လိုများ အုပ်ချုပ်နေတာလဲ ဆိုတာကို ကျင်းဝမ် အံ့သြနေမိသည်။ ဘဏ္ဍာရေး မဏ္ဍိုင် ယိုင်နဲ့ပြီး တိုင်းတစ်ပါးက အမြတ်ဝင်ယူနေတာကို ဘယ်လိုများ ခွင့်ပြုထားနိုင်ရတာလဲ ဒီကလေး တကယ်ပဲ ရန်မင်းသမီးငယ်ကို မြတ်နိုးလွန်းသည်။

ကျင်းဝမ် စံအိမ်တော်ကို ပြန်ရောက်လာပြီးမှ ရေနွေးအနည်းငယ်ကို ကိုယ်တိုင် ကျိုလိုက်ပြီးမှ ထိုင်ခုံမှာ ထိုင်လျက် ဟိုအရင် ဆယ်နှစ်ကျော် ကာလအား ပြန်တွေးလိုက်မိသည်။ ထိုစဉ်တုန်းကတည်းက စူးအာက ရမ်းကားသော မင်းသားငယ်လေး ဖြစ်သည်။ သင်ကြားမှု သင်ယူမှုအား အလွယ်တကူ မသင်ယူပဲ ကန့်လန့်တိုက်တတ်သော မင်းသားငယ် ဖြစ်သည်။

ထိုစဉ်တုန်းက လျန်နိုင်ငံ၏ အိမ်ရှေ့မင်းသားကား တစ်ခြား တစ်ပါးသော မင်းသား ဖြစ်သည့်တိုင် ကျင်းဝမ် အထက်မြက်ဆုံးသော မင်းသားအဖြစ်နှင့် စူးအာကို သတ်မှတ်ပေးခဲ့သည်။ ထို့အတွက် ထက်မြက်သော မင်းသားအဖြစ်သို့ ပြောင်းလဲပေးရန် ဆုံးဖြတ်ချက် ချပေးခဲ့၏။ ထို့ကြောင့် စူးအာ၏ မိခင်နှင့် ဘုရင်ဖြစ်သူ ရင်ဟောင်အား အသိပေး ပြောကြားခဲ့သည်။ စူးအာ၏ မိခင် မိဖုရားလီဟွာက ရင်ဟောင်ဘုရင်၏ ဒုတိယမြောင်အဆင့်သာ ရှိသော မိဖုရားဖြစ်သည်။

ထို့နောက်ပိုင်း ရက်တွေက ကျင်းဝမ်နှင့် စူးအာ၏ တိုက်ပွဲနေ့ရက်များ ဖြစ်၏။ မြင်းစီး မြှားပစ်ပင် မသင်ချင်သော မင်းသားငယ်အား လေးလအတွင်း စာပေပညာအပါအဝင် မင်းသားတွေ တတ်အပ်သော ပညာရပ်ရှစ်ခုအား သင်ကြားပေးနိုင်ခဲ့၏။ ထိုတွင် မင်းကြီးမှ စူးအာ၏ ထက်မြက်မှုနှင့် ကြိုးစားမှုကို အသိအမှတ်ပြုခဲ့သည်။ သို့သော် အိမ်ရှေ့မင်းသား ဆိုသည့် နေရာအထိတော့ မဟုတ်ခဲ့ပေ။ ထို့အတွက် စူးအာကို ပိုပြီး တော်လွန်သောသူ ဖြစ်လာစေရန် ကျင်းဝမ် ပိုပြီး ပင်ပန်းစွာ ကြိုးစားခဲ့ရသည်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now