အပိုင်း-၈

13.7K 1.5K 102
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၈)
@@@@@@@@@@@@@@@@@

"မလုပ်နဲ့ စူးအာ.. အ"

အခနဲ အသံက နာကျင်မှုကြောင့် ထွက်ပေါ်လာခြင်းလား ရင်နာခြင်းကြောင့်လား ကျင်းဝမ် နားမလည်တော့ပေ။ နာတယ် ရင်ဘတ်ထဲကလား ခန္ဓကိုယ်ကလား မသေချာတော့ဘူး။ နာတယ် ဆိုတာ တစ်ခုတည်းကပဲ အသိတရားထဲကို တိုးဝင်လာနိုင်တော့တယ်။ မလုပ်နဲ့ ဆိုတဲ့ သူ့စကားက အရာမဝင်နိုင်တော့ပေ။

နာတယ် အူတွေ အသည်းတွေ အပိုင်းပိုင်း ပြတ်သွားတော့မလိုပဲ။ နာတယ် နာကျင်မှု အတွက် ခိုင်းနှိုင်းစရာ စကားတွေတောင် ကင်းမဲ့နေအောင် နာတယ်။

"အား အ"

ယောကျာ်းအဖြစ် မွေးလာမှတော့ မျက်ရည်ကို မင်းမေ့ထား ဆိုတဲ့ ဒေါ်လေးရဲ့ ဆုံးမစကားက ဒီနေရာမှာ အရာမထင်နိုင်ဘူး။ မျက်ရည်က နာကျင်မှု နောက်ကွယ်မှာ အုံလိုက် ကျင်းလိုက်ကျလာနေတယ်။

ဒီလိုထိတွေ့မှုဟာ သာယာမှု အဖြစ် ပြောင်းသွားတယ်လို့ ဟန်တိုင်းပြည်က အမျိုးသားကိုယ်လုပ်တော်တွေ ပြောရင်း ရယ်မောကြတာကို ကြားဖူးတယ်။ အခုချိန်မှာ ဒါကို ကျင်းဝမ် အသည်းအသန် ငြင်းဆန်ချင်တယ်။ မသာယာဘူး နာကျင်ရလွန်းလို့ သေမတတ်ပဲ။

တစ်ချက် တစ်ချက် ထိုးသွင်းလာမှုဟာ ကျင်းဝမ် မျက်လုံးတွေ ကို ပြာသွားစေတယ်။ ဘယ်မှာလဲ သာယာမှု၊

"အ.. တော်ပါတော့"

တောင်းပန်ဖို့ ရည်စူးတာ မဟုတ်ပေမယ့် ကျင်းဝမ်ရဲ့ ဖျော့တော့နေတဲ့ လေသံအရ ဒါဟာ တောင်းပန်နေတာပဲ။ အဆိုတဲ့ အသံက သာယာမှုကြောင့် ညီးညူသံ မဟုတ်ဘူး။ အံကြိတ်ထားတဲ့ ကြားက သွားကြားထဲကနေ မချိမဆန့် ထွက်လာတဲ့ အသံ၊ နောက်ဆုံးမှာ အသိတရားဟာ အဖြူရောင်လွင်ပြင် ထဲကို ကျဆင်းသွားတော့တယ်။

@@@@@@

ကျင်းဝမ် မျက်လုံးတွေ ပြန်ဖွင့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဓားဒဏ်ရာတွေနဲ့ သွေးတို့ စွေးစွေးနီနေတယ်။ ဝတ်ထားတဲ့ အဖြူရောင် အင်္ကျီဟာ ပြဲနေတာတွေ ဓားချက်တွေနဲ့ မြင်လို့တောင် မကောင်းဘူး။ ကျင်းဝမ် ယိုင်နဲ့နဲ့လေး ထရပ်လိုက်တော့ အနားကို ဖြည်းလေးစွာ ရောက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်။ ထိုခြေသံ လားရာကို စူးစိုက်ကြည့်မိတော့ ရွှေရောင် ဆံထိုးတစ်ချောင်းတည်းကို သေသပ်စွာ ဝတ်ဆင်ထားပြီယ ဘယ်လက်ကို နောက်ပစ်ထားတဲ့ ဒေါ်လေးက ခန့်ညားခြင်းတွေနဲ့ ကျင်းဝမ်ကို စူးစိုက်ကြည့်နေတယ်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now