အပိုင်း-၁၀

14.2K 1.4K 75
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၁၀)

@@@@@@@@@@@@@@@@

တိုင်ပင်ရအောင်

@@@@

တစ်ရက်တာကာလက နေဝင်သည်နှင့် ကုန်ဆုံးသွားသည်။ ဝမ်ကတော့ နွမ်းနယ်သော မျက်နှာလေးနှင့် မနိုးလာသေးပေ။ လုပ်စရာ မှန်သမျှကို လုပ်ပြီးသည်နှင့် ချင်းစူး ဝမ်အနားသို့ပင် ပြန်ရောက်မြဲ ဖြစ်၏။ သုံးရက်မြောက်သော နေ့တွင် ဝမ်က ပြန်ပြီး သတိရလာသည်။ အလွန်အမင်း အားနည်းနေခြင်းကြောင့် အိပ်ရာမှပင် ထူပေးရသည်ကို ဝမ်က နိုးလာသည်နှင့် ပထမဆုံး ပြောသော စကားက အိမ်သို့ ပြန်မည်ဟူ၍ ဖြစ်သည်။ ချင်းစူး ဒေါသတကြီးဖြစ်သွားပြီးမှ ဆေးယူလာသော သမားတော်ထံမှ ဆေးခွက်ကို လှမ်းယူလိုက်ပြီး

"မင်းပြန်ချင်တယ်ဆိုရင် ပြန်လေ ဒါပေမယ့် မင်းဖာသာ ပြန်ရမှာ ဘယ်သူမှ မင်းကို လိုက်ပို့ပေးမှာ မဟုတ်ဘူး ဝမ်"

ဒီကလေး၊ စိတ်အတွင်းထဲမှာပဲ ကလေး ဆိုတာကို ပြောဆိုလိုက်မိပြီးမှ ချက်ချင်းပဲ ခေါင်းယမ်းမိတော့မလို ဖြစ်သွားသည်။ ကလေး မဟုတ်တော့ဘူး။ ချင်းစူး ကမ်းပေးလာတဲ့ ဆေးရည်ဇွန်းကို မျက်နှာလွဲရင်း ရှောင်ပစ်လိုက်သည်။ ထိုတွင် စူးခနဲ လက်ခနဲ မျက်ဝန်းတို့က အရည်လဲ့စွာဖြင့် ဆေးရည်ဇွန်းကို ပန်းကန်အတွင်းသို့ ပြန်ထည့်လိုက်ပြီးမှ ကျားယုံအား

"ကျားယုံ မယ်တော်ကြီး နန်းဆောင်ကနေ ရှောင်ရှို့ကို သွားခေါ်လာခဲ့"

"အမိန့်တော် အတိုင်းပါ"

သက်ပြင်းချသံ သဲ့သဲ့ နောက်တွင် အသံတိုးတိုးလေးက နှစ်လိုဖွယ် နာခံမှု အပြည့်နှင့် ဖြစ်လေသည်။ ဝမ်က အခုမှ အဲ့လို မဟုတ်ပါဘူး၊ ဟိုးအရင်နှစ်တွေ တုန်းကလည်း တစ်ခုခုကို မလိုလားပေမယ့် လက်ခံလိုက်ရပြီဆို သက်ပြင်းချပြီး လေသံဖျော့ဖျော့လေးနဲ့ ပါပဲ။

"ငါ သောက်မယ်"

"ဝမ် ဘာလို့များ အစတည်းက ဒီလို မနာခံရတာလဲ မဟုတ်ရင် တခြားသူတွေလည်း အလုပ်မပိုတော့ဘူးပေါ့"

"ငါ့ဦးလေးနဲ့ တွေ့ချင်တယ်"

"ဒါပေမယ့် သူကတော့ ဝမ်ကို မတွေ့ချင်ဘူး ထင်တယ် လာတောင်မရှာဘူး"

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now