ချစ်လှစွာသော အမတ်မင်း (အပိုင်း-၇)
@@@@@@@@@@@@@@@@
ကလေးမှ မဟုတ်တော့တာ
@@@@@@@@@@@@
မင်းကြီး ထွက်သွားပြီ ဆိုမှ ကျင်းဝမ် အသာလေး ပြုံးလိုက်မိသည်။ ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။
"မင်းကြီးအတွက် ဧကရီကို ရှာတွေ့ပါပြီ"
@@@@@@@@@@@
မင်္ဂလာရက်မြတ်။
မယ်တော်ကြီး ကိုယ်တိုင်က အနောက်နန်းဆောင်အတွင်းမှာ ပါဝင်ပြီး ဆင်ယင်ခြင်းကြောင့် တခြားသော မိဖုရားများက တိတ်ဆိတ်စွာသာ နေကြရသည်။ ရန်မိဖုရားကား ရန်နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံရန် ဟောင်မြို့သို့ ထွက်ခွာသွားသည်မို့ ထိုကိစ္စများကို မသိပဲ ရှိသည်။
အနီရောင်ပိုးစများဖြင့် နန်းဆောင် တစ်ခုလုံးကို ဆင်ယင်ထားပြီး ရှုမိဖုရားအား နန်းဆောင်အတွင်းဝယ် အနီရောင် အင်္ကျီဖြင့် သေသပ်စွာ နေစေသည်။ ညနေစောင်းထိတိုင် မင်းကြီးက မရောက်လာသေးသော်လည်း မင်းကြီး၏ အပါးတော်မြဲ ကျားယုံမှ မင်းကြီး ညပိုင်းလျှင် ရောက်လာမည်ဟု တင်လျှောက်လာသည်။ နန်းဆောင်အတွင်းရှိ ပစ္စည်းအထားအသိုကအစ ကျင်းဝမ် သေချာဂရုစိုက်ထားသည်။ နက္ခအရ ဒီနေ့မှာ မင်းကြီးနဲ့ အတူအိပ်သော မိန်းကလေးက သေချာပေါက် ကိုယ်ဝန် လွယ်နိုင်မည်။ နက္ခအား ပြည့်စုံစေရန် အခန်းအပြင်အဆင်ကိုပါ နက္ခကိုလိုက်လျက် ပြင်ဆင်ထားစေခဲ့သည်။ ပြီးတော့ ပို၍ သေချာ စေရန် ကျင်းဝမ် အထူးပြင်ဆင်ထားတာ တချို့လည်း ရှိသေးသည်။
ကျင်းဝမ် မယ်တော်လီဟွာ၏ နန်းဆောင်မှ ငြိမ်သက်စွာဖြင့် သတင်းလာပေးမည့်သူများကို စောင့်ဆိုင်းနေသည်။ မယ်တော်လီဟွာက ကျင်းဝမ်ကို အဆင်ပြေပါ့မလား ဟူသည့် မေးခွန်းပါသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။ ကျင်းဝမ် တစ်ချက်မျှသာ ပြန်ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
မယ်တော်၏ နန်းဆောင်အတွင်းသို့ အပျိုတော်ငယ်လေး တစ်ဦးမှ ခြေလှမ်းခပ်သွက်သွက်ဖြင့် ဝင်လာသည်။ ကျင်းဝမ် ထိုအပျိုတော်လေးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း မျက်နှာပေါ်တွင် ကျေနပ်သော အရိပ်အရောင်တစ်ချက်က ပြေးလွှားသွား၏။ ထိုအပျိုတော်လေးက မယ်တော်လီဟွာအနားသို့ သွားလိုက်ပြီးမှ တိုးသဲ့သော လေသံဖြင့်..
YOU ARE READING
Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)
Romanceဒုတိအကြိမ်မြောက် BL ဖန်တီးမှု ဖြစ်ပါတယ် ဘာသာပြန်မဟုတ်ပါ လျန်တိုင်းပြည်ရဲ့ ရမ်းကားတတ်တဲ့ ဘုရင် ရင်ချင်းစူးက ကျင်းဝမ်ကို ငယ်ကတည်းက မနှစ်သက်ပါဘူး ကျင်းဝမ်က သူ့ကို သင်ကြားပေးရတဲ့ မင်းဆရာအမတ်ပါ ပြေလည်တဲ့ ဆက်ဆံရေး ရရှိလာပြီး မကြာမှီမှာပဲ ကျင်းဝမ်ကို ဟန်တို...