အပိုင်း-၂၄

10.5K 1.2K 100
                                    

ချစ်လှစွာသော အမတ်မင်း (အပိုင်း-၂၄)

@@@@@@@@@@@@@@@@

သိပ်ခက်လိမ့်မယ်

@@@@

စစ်သူကြီးယူ၏ မှတ်တမ်းကို ဖတ်ပြီးနောက် ငိုဖို့ပြင်နေသော ဝမ်အား မငိုစေရန် စနောက်လိုက်တာကြောင့် သူ့အဒေါ်ကို ထိလျှင် ဆတ်ဆတ်ထိမခံသော ဝမ်က သူ့အား မျက်စောင်းခဲလေသည်။ မငိုဘူးဆိုရင် တော်ပါပြီ ဝမ်၊

@@@@@@@@@

ဒီနေ့ ဦးလေး ပိုင်ရှင်းက နန်းတော်မှ ရောက်လာသည်။ ကျင်းဝမ်ကို မြင်တော့ ဝမ်းသာအားရဖြင့် အနားကပ်လာပြီး ကိုယ်ဝန်ရှိနေတာကို ဂုဏ်ယူတယ်လို့ ပြောပြီး ဗိုက်ထဲက ကလေးကို မလိုချင်ရင် သူ့ကိုပေးဖို့ တက်ကြွစွာ စနောက်သည်။ နောက် စူးအာနှင့် စကားနိုင်ကြလေသည်။

'ကျင်းဝမ် အစ်မတော်ပြောတာ မင်း ဒီကလေးကို မလိုချင်ဘူးဆို၊ မင်းမွေးရုံပဲမွေးပေး၊ ပြီးရင် ငါ့ကို အစ်မတော်က မိဖုရားတစ်ပါး ထားခိုင်းမယ့် အစီအစဉ်ကို အဲ့ကလေးကို အသုံးချပြီးတော့ ကန့်ကွက်ရမယ်'

ကျင်းဝမ် ဦးလေးပိုင်ရှင်းကို တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပင် စူးအာက ကျင်းဝမ်အား အနောက်သို့ ပို့လိုက်ပြီးမှ

'မင်းဖာသာမင်း အဖြစ်မရှိလို့ ကလေးတစ်ယောက် ရအောင် မစွမ်းဆောင်နိုင်တာနဲ့ပဲ ငါတို့ကလေးကို လာလုနေစရာလား'

'မင်း ဘာပြောတယ် ငါက ကလေးတစ်ယောက် ရအောင် မစွမ်းဆောင်နိုင်ဘူး ဟုတ်လား'

'ဟုတ်တယ်'

စူးအာက မျက်နှာထားတည်တည်ဖြင့် ပြောသည်တွင် ဦးလေးပိုင်ရှင်းက ရှုးရှုးရှားရှားဖြင့် ဒေါသတွေ ထွက်လာသည်။ ပြီးနောက် ဒေါသတကြီးဖြင့်

'ငါက ဘာလို့ မစွမ်းဆောင်နိုင်ရမှာလဲ၊ ငါ မလိုချင်လို့ ငါ လူတစ်ယောက်ကို တစ်သက်လုံး မျက်နှာမပျက်အောင် ထားနိုင်ဖို့ ပျော်နိုင်ထားဖို့ ငါ့ကိုယ့်ငါ မယုံကြည်နိုင်လို့ ငါမိဖုရားမထားချင်တာ'

ဦးလေး ပိုင်ရှင်း တစ်သက်လုံး လက်တွဲဖော်ကို အသေငြင်း အရှင်ငြင်း ငြင်းနေခဲ့သည့် အကြောင်းပြချက်ကို ကြားလိုက်ရတော့ ကျင်းဝမ် မလေးစားပဲ မနေနိုင်တော့ပေ။ စူးအာပင် ခဏတာ တိတ်ဆိတ်သွား၏။ ဦးလေးပိုင်ရှင်းက နောက်ထပ် တစ်ခွန်းကို ခပ်တိုးတိုး ပြောလိုက်သေးသည်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now