ချစ်လှစွာသော အမတ်မင်း (အပိုင်း-၆)
@@@@@@@@@@@@@@@@
ဧကရီ ရှာတွေ့ပြီ
@@@@@@@@
"မင်းက ဘယ်သူလဲ"
အမေးသည် နောက်မှ လက်တွေ ခြေထောက်တွေက အရှေ့က ဖြစ်ကာ ကျင်းဝမ်၏ ဘေးမှ ရိပ်ခနဲ ပြေးထွက်သွားသော ခြေလှမ်းတို့က လျင်မြန်လွန်းနေသည်။ ကျင်းဝမ် ထိတ်ခနဲ ဖြစ်သွားသော်လည်း ဦးလေးပိုင်ရှင်း၏ တိုက်ခိုက်စွမ်းရည်က ဟန်ယူရှင်းနှင့် ယှဉ်ပြိုင်နိုင်တာကို သတိရမိတော့ စူးအာကိုသာ ထိတ်ခနဲ စိတ်ပူသွားမိ၏။
ဆတ်ခနဲ လှည့်ကြည့်လိုက်မိပေမယ့် တိုက်ပွဲအတွင်းသို့ ဝင်ပါရန် မဖြစ်နိုင်သော ကိုယ့်အခြေအနေနဲ့ကိုယ် ပြန်သတိရလိုက်မိကာ ရှေ့သို့ ခြေတစ်လှမ်း ချလိုက်မိပြီးမှ ပြန်လည် ရပ်တန့်လိုက်ရသည်။ ဦးလေး ပိုင်ရှင်းက ကလေးငယ်တစ်ဦးကို ဆော့ကစားလိုသော ဟန်ပန်ဖြင့် တန်ပြန် တိုက်ခိုက်မှု တစ်ခုမှ မပြုလုပ်ပဲနှင့် စူးအာ၏ တိုက်ခိုက်မှုများကို ကျင်လည်စွာ တိမ်းရှောင်နေ၏။ စူးအာကမူ ဦးလေးကို အမှန်တကယ် ထိခိုက်လိုသော ဆန္ဒဖြင့် တိုက်ခိုက်နေသည်မှာ ခြေကွက်လက်ကွက်တို့က ပြင်းထန်းစွာ ဦးလေးက စနောက်လိုသော မျက်နှာဖြင့် ဖြစ်နေဆဲမို့ စူးအာကို တစ်ချက်မျှ သတိလက်လွတ်သွားလျှင် ထိခိုက်မည်မှာ မလွဲမသွေပင် ဖြစ်သည်။
ထို့ကြောင့် ကျင်းဝမ် ဦးလေးနှစ်ဆယ်အား သတိပေးလိုက်သည်။
"သတိထား!!"
ကျင်းဝမ် အော်ပြောလိုက်တော့ စူးအာရော ပိုင်ရှင်းပါ ကျင်းဝမ်ဘက်သို့ တစ်ချက် လှည့်ကြည့်လာသည်။ မိုးမခပင်မှ ရွက်ကြွေတွေက သူတို့ နှစ်ဦး၏ တိုက်ခိုက်မှု အောက်တွင် ဝေ့ဝေ့ဝဲဝဲဖြင့် ခုန်ပျံတက်လာကြသည်။ အိမ်တော်ထိန်း ဦးကြီးက အပြေးရောက်လာသော်လည်း တိုက်ခိုက်မှု ပြင်းထန်နေသော မင်းကြီးနှင့် တစ်ခါမျှ မတွေ့ဖူးသော လူစိမ်းကို တွေ့တော့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး ကျင်းဝမ်အား အားကိုးတကြီး ကြည့်လာသည်။ ဦးကြီး၏ အနောက်တွင် ရှောင်ရှို့ပါ ရောက်လာပြီး မျက်လုံးလေး ပြူးလျက်ဖြင့် ရပ်တန့်သွားသည်။
YOU ARE READING
Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)
Romanceဒုတိအကြိမ်မြောက် BL ဖန်တီးမှု ဖြစ်ပါတယ် ဘာသာပြန်မဟုတ်ပါ လျန်တိုင်းပြည်ရဲ့ ရမ်းကားတတ်တဲ့ ဘုရင် ရင်ချင်းစူးက ကျင်းဝမ်ကို ငယ်ကတည်းက မနှစ်သက်ပါဘူး ကျင်းဝမ်က သူ့ကို သင်ကြားပေးရတဲ့ မင်းဆရာအမတ်ပါ ပြေလည်တဲ့ ဆက်ဆံရေး ရရှိလာပြီး မကြာမှီမှာပဲ ကျင်းဝမ်ကို ဟန်တို...